Social Icons

Pages

Friday, July 17, 2015

ကားပါကင် ထောက်ခံချက် လျှောက်ထားသူ နည်းပါးလာသောကြောင့် အမည်ပေါက် လက်ရှိပေါက်ဈေး ပြန်လည် မြင့်တက်ဖွယ်မရှိ



ရန်ကုန် ၊ ၁၇-၇-၂၀၁၅

ရန်ကုန်မြို့တွင် ကားဝယ်ယူရန် အတွက် ကားပါကင် ထောက်ခံချက် လျှောက်ထားသူ နည်းပါး လာသောကြောင့် လက်ရှိ ပေါက်ဈေး ငွေကျပ် သုံးသိန်းခန့်မှ ပြန်လည် မြင့်တက်ဖွယ် မရှိနိုင်ကြောင်း ရန်ကုန်မြို့တွင်း ကားဝယ်ရောင်း စခန်း များမှ သိရသည်။

ကားပါကင် ထောက်ခံချက် ပြုလုပ်ရာ၌ နေရာ အငှားပြ လျှောက်ထား တင်ပြခြင်းကို လက်ခံတော့မည် မဟုတ် သောကြောင့် ကားပါကင် လျှောက်ထားသူ နည်းလာကြောင်း၊ ထို့ကြောင့် ကားပါကင် အမည်ပေါက် ဈေးနှုန်း မှာလည်း လက်ရှိဈေးနှုန်း ငွေကျပ်သုံးသိန်း ခန့်မှ ပြန်လည် မြင့်တက်လာဖွယ် မရှိကြောင်း သိရသည်။

''ကားပါကင် အမည်ပေါက် ဈေးက အခု လက်ရှိမှာ ငွေကျပ်သုံးသိန်း၊ သုံးသိန်း သုံးသောင်းနဲ့ ငွေကျပ် သုံးသိန်း ငါးသောင်း လောက်ထိပဲ ရှိနေပါတယ်။ ကားပါကင်နဲ့ ပတ်သက်ပြီး သတ်မှတ်ချက်တွေ များလာတော့ လျှောက်တဲ့သူကလဲ နည်းသွားတဲ့ အတွက် ကားပါကင် အမည်ပေါက် ဈေးက ပြန်မတက် နိုင်တော့ပါဘူး ''ဟု တာမွေ သတိပဋ္ဌာန် ကားဝိုင်းမှ ဝါရင့်ဝယ်ရောင်း တစ်ဦးက ပြောပြသည်။

''ရန်ကုန်မြို့တွင်း Downtown ခြောက်မြို့နယ်မှာ ကားပါကင် နေရာမရှိတဲ့ အတွက် ပါမစ် ချမပေးတာ လက်ခံပါတယ်။ ဒါပေမဲ့ Downtown မြို့နယ်တွေက ကားဝယ်စီးတဲ့ သူတွေရဲ့ အမည်ပေါက်က ဒလ၊ တွံတေး၊
ကော့မှူးမြို့နယ် တွေဖြစ်နေတဲ့ အတွက် ညအိပ်ခွန် ဆောင်ခွင့် မပေးတာမျိုး တွေကတော့ မဖြစ်သင့်ပါဘူး။ အဲဒါတွေကြောင့် ကား အရောင်းအဝယ် လုပ်တဲ့ နေရာမှာ ပိုဆိုး သွားတာတွေ ရှိပါတယ် '' ဟု အလုံမြို့နယ်မှ ဝါရင့် ကားဝယ်ရောင်း တစ်ဦးက ပြောပြသည်။

ဇန်နဝါရီလမှ စတင်၍ ယခု လက်ရှိအချိန်ထိ ကားပါကင် ထောက်ခံချက်ဖြင့် တစ်ဦးချင်း ကားတင်သွင်းခွင့် အစောင်ရေ ၁၄၅ဝဝ ကျော် ခွင့်ပြု ပေးခဲ့ကြောင်း သိရသည်။

ကျော်လွင်

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...