Social Icons

Pages

Thursday, July 16, 2015

၂၀၁၅ ခုနှစ် ဇွန်လအထိ မြန်မာတစ်နိုင်ငံလုံး ၌ မီးလောင်ကျွမ်းမှု အကြိမ်တစ်ထောင်ကျော် ဖြစ်ပွားခဲ့


ရန်ကုန် ၊ ၁၆-၇-၂၀၁၅

ယခုနှစ် ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလမှဇွန်လကုန်ထိ ခြောက်လတာ ကာလအတွင်း မြန်မာ တစ်နိုင်ငံလုံး၌ မီးလောင်ကျွမ်းမှု အကြိမ် တစ်ထောင်ကျော် ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်၏ သတင်းများ အရ သိရသည်။

၂ဝ၁၅ ခုနှစ် ဇန်နဝါရီလမှ ဇွန်လကုန်အထိ ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှု ၁၁၃၈ ကြိမ် ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှု တန်ဖိုးမှာ ငွေကျပ် သိန်းပေါင်း တစ်သောင်း ငါးထောင် ကျော်ဖြစ်သည်။ အဆိုပါ မီးလောင်ကျွမ်း မှုများကြောင့် အိမ်ခြေ အဆောက်အအုံ အလုံး၂၃၇ဝ ၊ စက်ရုံအလုပ်ရုံ ၂၂၇ ရုံ၊ ဂိုဒေါင်အလုံး ၂ဝ ၊ ပျက်စီးရှုံးခဲ့ပြီး သေဆုံးသူ ၃၇ ဦး ၊ ဒဏ်ရာရရှိသူ ၈၈ ဦး နှင့် မီးဘေး ဒုက္ခသည် ၈၄၁၂ ဦးရှိခဲ့ကာ တိရစ္ဆာန် အရေအတွက် ၁၇ဝ၃ ကောင် သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်း မှုများတွင် မီးလောင်မှု အများဆုံး ဖြစ်ပွားခဲ့သည့် နေရာများမှာ မန္တလေးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးတို့ ဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ် တရားဝင် ထုတ်ပြန်ချက်များ အရ သိရသည်။ ၂ဝ၁၅ ခုနှစ် ဇွန်လ တစ်လအတွင်း မြန်မာ တစ်နိုင်ငံလုံး၌ မီးလောင်ကျွမ်းမှုမှာ ၉၄ ကြိမ် ဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၈၆ လုံး၊ ဂိုဒေါင် ၅ လုံး ပျက်စီးခဲ့ကာ ဒဏ်ရာရသူ ၉ ဦးနှင့် မီးဘေး ဒုက္ခသည် ၁၉၃ ဦး ရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလမှ ဇွန်လထိ မီးလောင်ကျွမ်းမှု ၁ဝ၂၉ ကြိမ် ဖြစ်ပွားခဲ့ပြီး ပျက်စီး ဆုံးရှုံးမှု တန်ဖိုးမှာ ငွေကျပ် သန်းပေါင်း သုံးသောင်းကျော် ဆုံးရှုံးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့ ဌာနချုပ်မှ သိရသည်။ ထို့ကြောင့် ယခင်နှစ် ကထက် နှိုင်းစာလျှင် ယခုနှစ်တွင် မီးလောင်မှု အရေအတွက် ပိုမို များပြားလာကြောင်း သိရသည်။ ယခုအခါ မိုးရာသီသို့ ရောက်ရှိ လာပြီ ဖြစ်သဖြင့် မီးလောင်မှုများ လျော့ကျ သွားသော်လည်း လာမည့် ပွင့်လင်း ရာသီတွင် မီးလောင်မှုများ လျော့ကျ လာစေရေး အတွက် သက်ဆိုင်ရာ မီးသတ် တပ်ဖွဲ့ဝင်များ အနေနှင့် သရုပ်ပြ လေ့ကျင့်မှု များကို လေ့ကျင့် လုပ်ဆောင် နေကြောင်း သိရသည်။ (၃၃၆)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...