Social Icons

Pages

Thursday, July 30, 2015

တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) ခန္တီးမြို့နယ် အတွင်းရှိ ဒေသခံပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရန် ထွက်ခွာ



နေပြည်တော် ၊ ၃ဝ-၇-၂ဝ၁၅

တပ်မတော် နယ်လှည့် အထူးကု ဆေးအဖွဲ့သည် စစ်ကိုင်းတိုင်း ဒေသကြီး၊ ခန္တီးမြို့နယ် အတွင်းရှိ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ဇူလိုင် ၂၇ ရက် ညနေပိုင်းတွင် ဧရာဝတီ ရေတပ်စခန်း ဌာနချုပ်မှ တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) ဖြင့် ထွက်ခွာသည်။

အဆိုပါ တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) သည် ဇူလိုင် ၂၈ ရက်တွင် မအူပင်မြို့၌ လိုအပ်သော ဆေးဝါးကုသမှု ဆိုင်ရာ ဆေးပစ္စည်းများ တင်ဆောင်၍ ဆက်လက် ထွက်ခွာပြီး ချင်းတွင်း မြစ်ကြောင်း တစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံ ပြည်သူများအား လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက် ပေးသွားမည် ဖြစ်သည်။

တပ်မတော်နယ်လှည့် အထူးကု ဆေးအဖွဲ့တွင် ခွဲစိတ် ပါရဂူများ၊ ဓာတ်မှန် ပါရဂူများ၊ သားဖွားမီးယပ် ပါရဂူများ၊ မျက်စိ ပါရဂူများ၊ ဆေးကုသမှု ဆိုင်ရာ ပါရဂူများ၊ နား၊ နှာခေါင်း၊ လည်ချောင်း ပါရဂူများ၊ အရိုးခွဲစိတ် ကုပါရဂူများ၊ သွား၊ မေ့ဆေး ပါရဂူများ၊ ကလေး ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြု အရာရှိများ၊ အထက်တန်း သူနာပြုများနှင့် သူနာပြု စစ်သည်များ လိုက်ပါသွား ကြကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၅)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...