Social Icons

Pages

Wednesday, July 15, 2015

မြန်မာသင်္ဘောသား အများစု ဓာတ်ငွေ့တင်သင်္ဘောများ ပေါ်တွင် အလုပ်လုပ်ကိုင်မှု နည်းပါးလာ


ရန်ကုန် ၊ ၁၅-၇-၂ဝ၁၅

ယခုနှစ် နှစ်ဆန်းပိုင်းမှ စ၍ မြန်မာ သင်္ဘောသား များသည် ဓာတ်ငွေ့တင် သင်္ဘောများ ပေါ်၌ အလုပ်လုပ် ရာတွင် ရောဂါရရှိမှု များပြား လာသောကြောင့် အဆိုပါ သင်္ဘောများ ပေါ်၌ အလုပ်လုပ်ကိုင်မှု အရေအတွက် မှာ နည်းပါးလာကြောင်း ပြည်ပ သင်္ဘောလိုင်း အေဂျင်စီ တချို့မှ တာဝန်ရှိသူ များ၏ ပြောပြချက် အရ သိရသည်။

''မြန်မာ သင်္ဘောသားတွေ ဒီနှစ်ထဲမှာ ဓာတ်ငွေ့တင် သင်္ဘောတွေမှာ အလုပ်လုပ် ကိုင်မှု တော်တော် နည်းသွားပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သင်တန်းတွေရဲ့ ကျေးဇူးကြောင့် ဓာတ်ငွေ့တင် သင်္ဘောတွေကို လိုက်ရင် ဘယ်လို ရောဂါတွေ ခံစားရမလဲ ဆိုတာကို သိလာတာက တစ်ကြောင်းနဲ့ ဓာတ်ငွေ့တင် သင်္ဘောတွေ ပေါ်မှာ အလုပ်လုပ်ရင် ဓာတ်ငွေ့ရဲ့ ဒဏ်ကြောင့် ဘယ်လို ရောဂါတွေကို ခံစားရလဲ ဆိုတာ ဓာတ်ငွေ့တင် သင်္ဘော လိုက်ဖူးတဲ့ မြန်မာ သင်္ဘောသား တွေက သင်္ဘောသား အသစ်တွေကို အတွေ့ အကြုံတွေ ဖလှယ် လာတာကြောင့် ဓာတ်ငွေ့တင် သင်္ဘောပေါ်မှာ အလုပ်လုပ် မယ့် မြန်မာ သင်္ဘောသားတွေ ရှားလာတာပါ '' ဟု ကျောက်တံတား မြို့နယ်ရှိ ပြည်ပ သင်္ဘောလိုင်း အေဂျင်စီ တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ ဓာတ်ငွေ့တင် သင်္ဘောများ ပေါ်၌ အလုပ် သွားရောက် လုပ်ကိုင်သည့် မြန်မာ သင်္ဘောသား တစ်ချို့သည် စာချုပ်သက်တမ်း ပြည့်၍ မြန်မာနိုင်ငံ သို့ ပြန်လာလျှင် ဓာတ်ငွေ့များ ဒဏ်ကြောင့် ကင်ဆာရောဂါ နှင့် ခန္ဓာကိုယ် အတွင်းအင်္ဂါ အစိတ်အပိုင်း များ ပျက်စီးခြင်းတို့ ဖြစ်ပေါ် လာကြောင်း သိရသည်။

ထို့ကြောင့် ပြည်တွင်းရှိ သင်္ဘောလိုင်း အေဂျင်စီ တချို့သည် မြန်မာ သင်္ဘောသားများ ဓာတ်ငွေ့တင် သင်္ဘောများ ပေါ်၌ အလုပ်လုပ်ရန် စိတ်ဝင်စားမှု နည်းလာသည့် အတွက် လစာများ တိုးပေးပြီး အလုပ် ခေါ်ယူမှု များကို ပြုလုပ်ကြ သော်လည်း သင်္ဘောသား အများစုမှာ စိတ်မဝင်စား ကြဘဲ ကုန်တင် သင်္ဘောများ ၌သာ အလုပ်လုပ်ကိုင် လာကြကြောင်း သိရသည်။

မင်းသော်တာလွင်

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...