Social Icons

Pages

Wednesday, July 15, 2015

မလေးရှားနိုင်ငံရောက် မြန်မာလုပ်သားများအား ကူညီ ဆောင်ရွက်ပေးမည့် လူထုဆက်ဆံရေး သံအရာရှိ ခန့်အပ်တာဝန်ပေးထား


ရန်ကုန် ၊ ၁၅-၇-၂၀၁၅

မြန်မာလုပ်သား ဦးရေ ဒုတိယ အများဆုံး ဖြစ်သည့် မလေးရှား နိုင်ငံ ကွာလာလမ်ပူ ရှိ မြန်မာသံရုံးသို့ နေ့စဉ် လူဦးရေ ၃ဝဝ ခန့်လာရောက် ၍ ဗီဇာ လျှောက်ထားခြင်း၊ နိုင်ငံကူး လက်မှတ် သက်တမ်းတိုး လျှောက်ထားခြင်း၊ နိုင်ငံကူး လက်မှတ် ပျောက်ဆုံး ပျက်စီး၍ အသစ် လျှောက်ထားခြင်းများ အပါအဝင် တခြား အကူအညီ တောင်းခံမှု များကို အချိန်နှင့် တစ်ပြေးညီ ကူညီ ဆောင်ရွက် ပေးနိုင်ရန် လုပ်ငန်းခွင် များသို့လည်း အလုပ်သမား သံရုံးမှ အရာရှိနှစ်ဦး စေလွှတ်ကာ ကူညီဖြေရှင်း ပေးခြင်းများ ဆောင်ရွက်လျက် ရှိရာမှ လုပ်ငန်း ပိုမိုတွင်ကျယ် စေရန်နှင့် လွယ်ကူ ထိရောက်မှု ရှိစေရန် လူထု ဆက်ဆံရေး အရာရှိ (Diplomatic and Public Relation Officer) အားခန့်အပ် ထားရှိခဲ့ပြီး ရုံးခန်းဖွင့်လှစ် တာဝန် ထမ်းဆောင်လျက် ရှိကြောင်း သိရသည်။

အဆိုပါ လူထုဆက်ဆံရေး သံအရာရှိသည် သံရုံးသို့ လူကိုယ်တိုင် လာရောက် အကူအညီ တောင်းခံကြ သူများအား တိုက်ရိုက် တွေ့ဆုံ အကူအညီပေးခြင်း၊ အရေးပေါ် ဖုန်းဖြင့် အကူအညီ တောင်းခံကြ သူများအား လမ်းညွှန် အကြံပေးကာ လူထုနှင့် ရင်းနှီး ပွင့်လင်းစွာ ဆက်သွယ် ကူညီ ဆောင်ရွက် ပေးသွားမည် ဖြစ်သည်။

မြန်မာသံရုံး အနေဖြင့် သံရုံး၏ ဝက်ဘ်ဆိုက်နှင့် ဖေ့ဘွတ် စာမျက်နှာ များတွင် တိကျ မှန်ကန်သည့် သတင်း အချက်အလက်များ စဉ်ဆက်မပြတ် ဖြန့်ချိခြင်း၊ ပြည်ပရောက် နိုင်ငံသားများ အခွင့်အရေး၊ ခံစားနိုင်ခွင့်များ အရ မလေးရှား နိုင်ငံရောက် မြန်မာနိုင်ငံသား များ၏ လိုအပ်ချက် များကို လေ့လာ စုဆောင်း၍ သတ်မှတ် ထားသော စည်းမျဉ်း စည်းကမ်း များအတွင်း လုပ်ထုံးလုပ်နည်း များနှင့်အညီ ဖြည့်ဆည်း ဆောင်ရွက် ပေးခြင်း၊ လူထုဆက်ဆံ ရေးနှင့် လူထု ဆက်သွယ်ရေး နည်းလမ်း အမျိုးမျိုး အသုံးပြု၍ သံရုံးနှင့် လူထုအကြား ဆက်ဆံရေး ပိုမို ပွင့်လင်း မြင်သာမှု ရှိစေခြင်း တို့ဖြင့် နိုင်ငံသား အကျိုးစီးပွား ကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းစဉ် များကို ဆောင်ရွက် လျက်ရှိရာ လူထု ဆက်ဆံရေး သံအရာရှိ ခန့်အပ် ထားခြင်းသည် မလေးရှား နိုင်ငံရောက် မြန်မာ နိုင်ငံသားများ၏ လူမှု နေထိုင်ရေး အခြေအနေ များအတွက် အားကိုး အားထား ဖြစ်စေကြောင်း သိရသည်။

ဝန်းရံခ

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...