Social Icons

Pages

Tuesday, July 28, 2015

ရုပ်မြင်သံကြား ထုတ်လုပ်မှု အခြေခံသင်တန်း အမှတ်စဉ်(၁၄) သင်တန်းဖွင့်ပွဲ ကျင်းပ


ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် အောင်ရဲဝင်း ရုပ်မြင်သံကြား ထုတ်လုပ်မှု အခြေခံသင်တန်း ဖွင့်ပွဲ အခမ်းအနား တက်ရောက် လာကြသူများနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်စဉ်

နေပြည်တော် ၊ ၂၈-၇-၂၀၁၅

ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ၏ ကြီးကြပ်မှုဖြင့် ဖွင့်လှစ်သော ရုပ်မြင်သံကြား ထုတ်လုပ်မှု အခြေခံ သင်တန်း အမှတ်စဉ်(၁၄) သင်တန်းဖွင့်ပွဲ ကို ယမန်နေ့ နံနက် ၉ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ မြဝတီ ရုပ်မြင်သံကြား ၌ ကျင်းပပြုလုပ်ရာ ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် အောင်ရဲဝင်း၊ မှော်ဘီ တပ်နယ်မှူး ဗိုလ်မှူးချုပ် ဝင်းကိုကို နှင့် တပ်မတော် အရာရှိကြီးများ၊ ဖိတ်ကြားထားသော စာပေပညာရှင်၊ အနုပညာရှင် နည်းပြ ဆရာကြီးများ၊ တာဝန်ရှိ သူများနှင့် သင်တန်းသား၊ သင်တန်းသူ များ တက်ရောက် ကြသည်။

ဦးစွာ ဗိုလ်ချုပ် အောင်ရဲဝင်း က တပ်မတော် မီဒီယာ ဆိုင်ရာများ၊ သင်တန်းနှင့် ပတ်သက် သည်များကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် တက်ရောက် လာကြသော စာပေ အနုပညာရှင် ဆရာကြီးများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ပြီး အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကြသည်။

အဆိုပါ သင်တန်းတွင် မြန်မာစာ ရေးထုံး၊ ပန်းချီ၊ ပန်းပု၊ ဆက်တင် ပညာရပ်များ၊ ဇာတ်လမ်း/ ဇာတ်ညွှန်း ရေးသားနည်း၊ တည်းဖြတ်ခြင်း၊ ကင်မရာ ရိုက်ကူးခြင်း၊ မီးအလင်း ပေးခြင်း၊ ဒါရိုက်တာ ပညာရပ်၊ စက်မှုပိုင်း ဆိုင်ရာ ပညာရပ်၊ သရုပ်ဆောင် ပညာ၊ အကပညာ၊ သတင်း ဖတ်ကြားခြင်း၊ သတင်း ရေးသားခြင်း၊ တေးရေး/ တေးဆို၊ နောက်ခံ တေးဂီတတို့ အပါအဝင် ရုပ်မြင်သံကြား ရိုက်ကူး ထုတ်လုပ်ပုံ အဆင့်ဆင့်ကို ရက်သတ္တ ၁ဝ ပတ်ကြာ သင်ကြားပို့ချ သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၅)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...