Social Icons

Pages

Friday, June 5, 2015

မြန်မာနိုင်ငံ၌ ဆိုက်ဘာလုံခြုံရေး အတွက် Microsoft မှ မဟာဗျူဟာ ရေးဆွဲပေးမည်



ရန်ကုန် ၊ ၅-၆-၂ဝ၁၅

မြန်မာနိုင်ငံ၌ အင်တာနက်များ ချိတ်ဆက်ကာ အွန်လိုင်းမှ တစ်ဆင့် ငွေကြေး လွှဲပြောင်းခြင်း၊ အရေးကြီးသော သတင်း အချက်အလက် များပေးပို့ခြင်း စသည့် အင်တာနက် အသုံးပြုမှု များသည် ယခင်ကထက် ပိုမိုများပြား လာသည်နှင့် အမျှ ဆိုက်ဘာ မှုခင်း များ ဖြစ်နိုင်ခြေ မြင့်မား လာသဖြင့် ပြည်တွင်း၌ ဆိုက်ဘာ လုံခြုံရေးအတွက် Microsoft ကုမ္ပဏီမှ မဟာဗျူဟာ ရေးဆွဲ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဆိုက်ဘာမှုခင်း များသည် မြန်မာနိုင်ငံ တွင်သာ အန္တရာယ်ရှိသည် မဟုတ်ဘဲ နိုင်ငံအတော် များများတွင် ရင်ဆိုင်ကြုံတွေ့ နေရသော အန္တရာယ် အမျိုးအစား ဖြစ်ကြောင်း၊ သုတေသန ပြုသူများ၏ လေ့လာ တွေ့ရှိချက် များအရ ကမ္ဘာပေါ်၌ တစ်စက္ကန့်တွင် အွန်လိုင်း အသုံးပြုသူ ခုနစ်ဦးခန့် သည် ဆိုက်ဘာမှုခင်း ပြဿနာများ ကြုံတွေ့ နေရကြောင်း နှင့် မြန်မာနိုင်ငံ တွင်လည်း အင်တာနက် အသုံးပြုမှု များပြားလာ သည့် အတွက် ဆိုက်ဘာ လုံခြုံရေး အတွက် အလေးထား ဆောင်ရွက်သင့်ပြီ ဖြစ်ကြောင်း Microsoft ၏ အရှေ့တောင် အာရှ ဒေသဆိုင်ရာ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ကွန်ပျူတာ အသုံးပြုသူ များက ၄င်းတို့၏ ကွန်ပျူတာများ ထဲတွင် Install လုပ်ထားသည့် Software များ သည် သက်ဆိုင်ရာ ကုမ္ပဏီများမှ ဖြန့်ချိ ရောင်းချသော Original Software များ မဟုတ်ဘဲ တရားမဝင် ပြန်ကူးထားသော Software များ ဖြစ်သည့်အတွက် လုံခြုံစိတ်ချ ရမှု မရှိကြောင်းနှင့် အဆိုပါ တရားမဝင် Software များသည် အင်တာနက်မှ တစ်ဆင့် ကွန်ပျူတာ System အတွင်း ဝင်ရောက် နှောင့်ယှက်ခြင်း၊ အရေးကြီးသော အချက်အလက် များ၊ လျှို့ဝှက်ဖိုင် များအား ခိုးယူခြင်း တို့ကို တားဆီးနိုင်စွမ်း မရှိကြောင်း သိရသည်။

Microsoft အနေဖြင့် မြန်မာနိုင်ငံ အတွက် ဆိုက်ဘာ လုံခြုံရေးဆိုင်ရာ မဟာဗျူဟာ ရေးဆွဲရာတွင် နိုင်ငံတော်ရှိ အရေးကြီးသော ဝန်ကြီးဌာနများ၊ အစိုးရ ဌာနများ၊ ဘဏ်လုပ်ငန်း များနှင့် စီးပွားရေး လုပ်ငန်းကြီးများ အပြင် ပြည်သူများ အတွက်ပါ ထည့်သွင်း စဉ်းစားပြီး စီစဉ် ရေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...