Social Icons

Pages

Thursday, June 11, 2015

တက္ကသိုလ်ဝင်တန်း အောင်ချက် ယခင်နှစ်ထက် ၅ ဒသမ ၉၃ ရာခိုင်နှုန်းမြင့်တက်



ရန်ကုန် ၊ ၁၁-၆-၂၀၁၅

၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ် တက္ကသိုလ် ဝင်တန်း အောင်စာရင်းများ ထုတ်ပြန်ရာ အောင်ချက် ရာခိုင်နှုန်းမှာ ယခင်နှစ်ထက် ၅ ဒသမ ၉၃ ရာခိုင်နှုန်း မြင့်တက် လာကြောင်း မြန်မာနိုင်ငံ စာစစ်ဌာနမှ သိရသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုသူ ၅၉၇၉၄၆ ဦးအနက် အောင်မြင်သူ ၂၂၄၈၄၇ ဦး အောင်ချက် ရာခိုင်နှုန်း ၃၇ ဒသမ ၆ ရာခိုင်နှုန်း ရှိရာ ယခင်နှစ် အောင်ချက် ၃၁ ဒသမ ၆၇ ရာခိုင်နှုန်း ထက် အောင်ချက် ရာခိုင်နှုန်း ၅ ဒသမ ၉၃ ရာခိုင်နှုန်း မြင့်တက် လာသည်။

ယခုနှစ်တွင် ဂုဏ်ထူး ရရှိသူများမှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၉၉၈၃ဝ ဦး ဖြစ်သောကြောင့် ၂ဝ၁၁ ခုနှစ်မှ စတင်၍ နှိုင်းယှဉ်ပါက ဂုဏ်ထူးရရှိသူ ၄၄၃၃၃ ဦး တိုးလာခဲ့သည်။

တက္ကသိုလ်ဝင် စာမေးပွဲ အောင်ချက်များသည် ယခုနှစ်တွင် မြင့်တက်လာရာ
ကချင်ပြည်နယ်၌ ၃၁ ဒသမ ၅၆ ရာခိုင်နှုန်း၊
ကယားပြည်နယ်၌ ၃၂ ဒသမ ဝ၆ ရာခိုင်နှုန်း၊
ကရင်ပြည်နယ်၌ ၂၉ ဒသမ ၅၄ ရာခိုင်နှုန်း၊
ချင်းပြည်နယ်၌ ၁၇ ဒသမ ၈၅ ရာခိုင်နှုန်း၊
တနင်္သာရီတိုင်းဒေသကြီး၌ ၃၄ ဒသမ ၈၉ ရာခိုင်နှုန်း၊
စစ်ကိုင်းတိုင်း ဒေသကြီး ၌ ၃၉ ဒသမ ၂ ရာခိုင်နှုန်း၊
ပဲခူးတိုင်းဒေသကြီး (အရှေ့) ၌ ၃၄ ဒသမ ၈၅ ရာခိုင်နှုန်း၊
ပဲခူးတိုင်းဒေသကြီး (အနောက်) ၌ ၃၈ ဒသမ ၉ ရာခိုင်နှုန်း၊
မွန်ပြည်နယ်၌ ၄၃ ဒသမ ၄ ရာခိုင်နှုန်း၊
မကွေးတိုင်း ဒေသကြီး ၌ ၄ဝ ဒသမ ၈၆ ရာခိုင်နှုန်း၊
နေပြည်တော်၌ ၃ဝ ဒသမ ၅၉ ရာခိုင်နှုန်း၊
မန္တလေးတိုင်း ဒေသကြီး ၌ ၃၈ ဒသမ ၅၉ ရာခိုင်နှုန်း၊
ရခိုင်ပြည်နယ် ၌ ၂၃ ဒသမ ၁၃ ရာခိုင်နှုန်း၊
ရှမ်းပြည်နယ် (တောင်ပိုင်း) ၌ ၃၆ ဒသမ ၁၅ ရာခိုင်နှုန်း၊
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၌ ၃၄ ဒသမ ၄၂ ရာခိုင်နှုန်း၊
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၌ ၂၅ ဒသမ ၂၉ ရာခိုင်နှုန်း၊
ဧရာဝတီတိုင်းဒေသကြီး ၌ ၅၁ ဒသမ ၇၈ ရာခိုင်နှုန်းနှင့်
နိုင်ငံခြား စာစစ်ဌာန၌ ၈၈ ဒသမ ၈၉ ရာခိုင်နှုန်းဖြင့် အသီးသီါ် အောင်မြင်ခဲ့ကြောင်း သိရသည်။

ဆုလာဘ်

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...