Social Icons

Pages

Tuesday, June 9, 2015

မြန်မာ ၊ ထိုင်း ၊ အိန္ဒိယ နိုင်ငံတို့ကြား သတ်မှတ်ခဲ့ပြီး ဖြစ်သည့် နယ်နိမိတ်မျဉ်း များကို ပြန်လည်ဖော်ထုတ် တိုင်းတာ သတ်မှတ်မည်



ရန်ကုန် ၊ ၉-၆-၂၀၁၅

မြန်မာ၊ ထိုင်းနှင့် အိန္ဒိယနိုင်ငံ တို့အကြား ယခင်က သတ်မှတ်ခဲ့ပြီး ဖြစ်သည့် နယ်နိမိတ်မျဉ်း များကို ပြန်လည်ဖော်ထုတ် တိုင်းတာ သတ်မှတ်မည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သိရသည်။

ထိုကဲ့သို့ ပြန်လည် ဖော်ထုတ် တိုင်းတာ သတ်မှတ်ရန် အတွက် ထိုင်းနိုင်ငံ(ပုံ)နှင့် ကုန်းမြေ ထိစပ်သော မိုင် ၁၂ဝဝ ခန့်နှင့် အိန္ဒိယနိုင်ငံ နှင့် ထိစပ် နယ်မြေမိုင် ၉ဝ ကျော်တို့ ကျန်ရှိ နေသေးကြောင်း အဆိုပါ ဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် အိမ်နီးချင်း ငါးနိုင်ငံ ရှိသည့်အနက် လာအိုနိုင်ငံ နှင့်သာ နယ်နိမိတ်မျဉ်း ကိစ္စကို အပြီး ဆောင်ရွက် နိုင်ခဲ့ပြီး ကျန်လေးနိုင်ငံ နှင့် ဆက်လက် ညှိနှိုင်းနေရဆဲ ဖြစ်ကြောင်း သိရသည်။

ထို့သို့ ပြန်လည် ဖော်ထုတ် တိုင်းတာမှုများ ပြုလုပ်ရာတွင် မူလရှိခဲ့သည့် လက်ရင်း မှတ်တိုင်များ ပျက်စီး ယိုယွင်းမှုကို ပြန်လည် ပြုလုပ်ခြင်း၊ တိုင်းတာမှု မပြုသေးသည် များကို အသစ်ထပ်မံ တိုင်းတာခြင်းများ ပြုလုပ်ကာ အဆိုပါ လုပ်ငန်းစဉ် များကို သက်ဆိုင်ရာ နိုင်ငံများမှ တိုင်းတာရေး အဖွဲ့များ နှင့် ပူးတွဲကာ နှစ်နိုင်ငံ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

အိမ်နီးချင်း နိုင်ငံများနှင့် နယ်နိမိတ် ထိစပ်မှုသည် လာအိုနိုင်ငံ နှင့် မဲခေါင်မြစ် တစ်လျှောက် ၁၄၉ မိုင်၊ အိန္ဒိယနိုင်ငံ နှင့် မိုင် ၁ဝဝဝ ကျော်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် မိုင် ၁၇ဝ ခန့်၊ တရုတ်နိုင်ငံ နှင့် မိုင် ၁၃ဝဝ ကျော်နှင့် ထိုင်းနိုင်ငံနှင့် မိုင် ၁၃ဝဝ ကျော် အသီးသီး ရှိကြောင်းလည်း သိရသည်။

ကျော်လွင်

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...