Social Icons

Pages

Tuesday, June 9, 2015

သတင်းထုတ်ပြန်ချက်


သတင်းထုတ်ပြန်ချက်

မြန်မာနိုင်ငံက ကယ်ဆယ်ထားသည့် လှေစီးသွားလာသူများ အနက် အတည်ပြုပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသား များကို ပြန်လည် လွှဲပြောင်းခြင်း

 ၁။ ၂၁-၅-၂ဝ၁၅ ရက်နေ့တွင် တပ်မတော်(ရေ) က ကယ်ဆယ် ထားသည့် လှေစီး သွားလာသူ ၂ဝ၈ ဦးအနက် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားအဖြစ် အတည်ပြု ပြီးသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၅ဝ ဦးကို ၈-၆-၂ဝ၁၅ ရက်နေ့တွင် နှစ်နိုင်ငံ နယ်စပ်မှ တစ်ဆင့် ဘင်္ဂလားဒေ့ရှ် ဘက်သို့ တရားဝင် ပြန်လည် လွှဲပြောင်းပြီး ဖြစ်ပါသည်။ ယင်း လွှဲပြောင်းခြင်း အခမ်းအနား ပြုလုပ်သည့် တောင်ပြို (လက်ဝဲ)သို့ ဘင်္ဂလားဒေ့ရှ်၊ ကော့ဘဇား နယ်ခြားစောင့် တပ်ဖွဲ့(၁၇) တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး ခန်ဒါကာဆိုင် ဖူအာလမ် ခေါင်းဆောင်သည့် အဖွဲ့ဝင် ခုနစ်ဦးပါ ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ် အဖွဲ့သည် ၈-၆-၂ဝ၁၅ ရက်နေ့၊ နံနက် ၁၁ နာရီတွင် ရောက်ရှိခဲ့ ပါသည်။ ယင်းနောက် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၅ဝ ကို စစ်ဆေးပြီး နှစ်ဖက် လက်မှတ် ရေးထိုး၍ မွန်းလွဲ ၁ နာရီခွဲတွင် ပြန်လည် လွှဲပြောင်း ခဲ့ပါသည်။ ယင်း အခမ်းအနားတွင် မြန်မာဘက်မှ နယ်ခြားစောင့် ရဲတပ်ဖွဲ့၊ ဒုတိယ ဒေသ ကွပ်ကဲရေးမှူး ရဲမှူးကြီး မျိုးဆွေ က ဘင်္ဂလားဒေ့ရှ် နိုင်ငံသား များကို လွှဲပြောင်း ပေးခဲ့ရာ ဘင်္ဂလားဒေ့ရှ်၊ ကော့ဘဇား နယ်ခြားစောင့် တပ်ဖွဲ့(၁၇) တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး ခန်ဒါကာဆိုင် ဖူအာလမ် က လက်ခံခဲ့ ပါသည်။ ယင်းအဖွဲ့သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၅ဝ ကို လက်ခံ ခေါ်ဆောင်၍ ညနေ ၃ နာရီ ၁ဝ မိနစ်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ပြန်လည် ထွက်ခွာ သွားခဲ့ ပါသည်။ လေ့လာသူများ အဖြစ် စစ်တွေမြို့ အခြေစိုက် ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန် မစ္စတာ မိုဟာမက် မက်ဘူဘာရာမန် နှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့၊ နယ်မြေခံ ဗျူဟာမှူး ဗိုလ်မှူးကြီး မိုဟာမက် ခါလက် အူဇမန် တို့လည်း ပါဝင် တက်ရောက် ခဲ့ပါသည်။

၂။ ၂၁-၅-၂ဝ၁၅ ရက်နေ့တွင် ကယ်ဆယ်ထားပြီး ယာယီ ခိုလှုံခွင့် ပေးထားသူ ၂ဝ၈ ဦးအနက် နိုင်ငံသား စိစစ်မှု ဆောင်ရွက်ဆဲ ဖြစ်သည့် ကျန်ရှိသူများနှင့် ၂၉-၅-၂ဝ၁၅ ရက်နေ့တွင် ကယ်ဆယ်၍ ယာယီ ခိုလှုံခွင့် ပေးထားသူ ၇ဝဝ ကျော်တို့ကို မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် ဘက်မှ တာဝန်ရှိ သူများက ဆက်လက် စိစစ်မှုများ ပြုလုပ်လျက် ရှိပါသည်။ စိစစ် အတည်ပြု မှုများ ဆောင်ရွက်ပြီး ပါက သက်ဆိုင်ရာ နိုင်ငံသို့ အမြန်ဆုံး ပြန်လည် ပို့ဆောင်ရေး ကို ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ပါသည်။

နိုင်ငံခြားရေးန၀န်ကြီးဌာန
နေပြည်တော်
၂၀၁၅ ခုနှစ် ၊ ဇွန်လ ၈ ရက်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...