Social Icons

Pages

Monday, June 1, 2015

နိုင်ငံတစ်ဝန်း ဒေသရှစ်ခုတွင် သုံးစွဲရန် မသင့်ဟု သတ်မှတ်ထားသည့် မြက်သတ် ပေါင်းသတ်ပိုးသတ်ဆေး များကို အသုံးပြုနေကြောင်း သိရ



ရန်ကုန် ၊ ၁-၆-၂၀၁၅

နိုင်ငံတစ်ဝန်း ဒေသရှစ်ခုတွင် သုံးစွဲရန် မသင့် ဟု သတ်မှတ်ထားသည့် မြက်သတ် ပေါင်းသတ် ပိုးသတ်ဆေး များကို အသုံးပြု နေကြောင်း သိရသည်။ မြန်မာနိုင်ငံ အတွင်းရှိ ဒေသရှစ်ခုသို့ သွားရောက် စစ်တမ်း ကောက်ယူရာတွင် ဒေသအားလုံး နီးပါးတွင် တစ်ကမ္ဘာ လုံးတွင် အဆိပ်အတောက် အဖြစ် ကန့်ကွက် ထားသော မြက်သတ်ဆေး နှင့် ပေါင်းသတ်ဆေး များကို မြန်မာလယ်ယာ လုပ်သားများက သုံးစွဲလျက် ရှိသဖြင့် ပညာပေးမှုများ ပြုလုပ် နေရကြောင်း တောင်သူ လယ်သမားများနှင့် စိုက်ပျိုးရေး အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်(AFFM)မှ သိရသည်။

လက်ရှိ တစ်ကမ္ဘာလုံးရှိ နိုင်ငံများ အားလုံးတွင် သုံးစွဲခြင်း မပြုရန် တားမြစ် ထားသော မြက်သတ်ဆေး၊ ပေါင်းသတ်ဆေး များဖြစ်သည့် Paraquat နှင့် Glyphosate တို့ကို အသုံးပြုမှုနှင့် ယင်း ပိုးသတ်ဆေး များကို အသုံးပြုမှု ရှိကြောင်း AFFM ဥက္ကဋ္ဌ ဦးဇာနည်သွေး က ပြောသည်။

အဆိုပါ ဆေးများကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုအပြင် အသုံးပြုသူ များတွင် အာရုံကြော စနစ် ထိခိုက်ခြင်း၊ မျိုးပွားအင်္ဂါ ထိခိုက်ခြင်းနှင့် အရေပြား ကင်ဆာ ဖြစ်ပွား စေကြောင်းလည်း သိရသည်။

ယင်းဆေးဝါး များသည် လူသားများ အတွက် လွန်စွာ အန္တရာယ်ကြီး သောကြောင့် ဆက်လက် သုံးစွဲခြင်း မပြုရန် သတိပေးသည့် အနေဖြင့် မေလ နောက်ဆုံးပတ်က ကမ္ဘာလုံး ဆိုင်ရာ စားသောက်ကုန် လုပ်ငန်း သမဂ္ဂများ အဖွဲ့ချုပ် (RUF) နှင့် (AFFM) တို့ပူပေါင်း၍ အသိ ပညာပေး သင်တန်း ပြုလုပ်ခဲ့ကြောင်း သိရသည်။ (၄၄၃)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...