Social Icons

Pages

Monday, May 25, 2015

မိုးတွင်းကာလ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ ရေယာဉ် ကြံ့ခိုင်ရေးသာမက လိုအပ်သော အထောက်အကူပြု ပစ္စည်းများကိုပါ အပြည့်အဝပေးထား



ရန်ကုန် ၊ ၂၅-၅-၂ဝ၁၅

ပြည်တွင်းရေကြောင်း သွားလာ အသုံးပြုနေသော သင်္ဘောများတွင် မိုးတွင်းကာလ သင်္ဘောစီး ခရီးသည်များ၏ ဘေးအန္တရာယ် ကင်းရှင်း လုံခြုံရေးအတွက် ရေယာဉ် ကြံ့ခိုင်ရေး သာမက လိုအပ်သော အထောက်အကူပြု ပစ္စည်းများကိုပါ အပြည့်အဝ ပေးထားကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ သိရသည်။

ပြည်တွင်း ရေကြောင်းတွင် သွားလာ အသုံးပြုနေသော သင်္ဘောစီး ခရီးသည်များ အတွက် မိုးဦးရာသီ ကြိုတင် အစီအမံ အနေဖြင့် ရေယာဉ် ကြံ့ခိုင်ရေး၊ နည်းပညာပိုင်း ဆိုင်ရာနှင့် အထောက်အကူ ပြုပိုင်းဆိုင်ရာ ဟူ၍ သတ်မှတ် လုပ်ဆောင်နေပြီး နည်းပညာ ပိုင်းတွင် မိုးကာလ သင်္ဘော မောင်းနှင်မှု၊ ဘေးအန္တရာယ် ကျရောက် လာပါက အကာအကွယ် ယူမှု၊ သတ်မှတ် ညွှန်ကြားချက် များနှင့်အညီ ဆောင်ရွက်မှုများ အတွက် ကြိုတင်လေ့ကျင့် ထားသည့်အပြင် အထောက် အကူပြု ပိုင်းဆိုင်ရာတွင် သက်ကယ် ပစ္စည်းများ ဖြစ်သော သက်ကယ် အင်္ကျီများ၊ သက်ကယ် ဖောင်များ အလုံအလောက် ထားရှိပေးခြင်း တို့ကို လုပ်ဆောင် ပေးထားကြောင်း သိရသည်။

ထို့ပြင် မိုးလေဝသ ဆိုင်ရာ သတင်းများကို ကြိုတင်ရယူကာ အချိန်နှင့် တစ်ပြေးညီ သက်ဆိုင်ရာ သင်္ဘောများသို့ အကြောင်းကြား ခြင်းဖြင့် ကြိုတင် လုပ်ဆောင်ရမည့် နည်းပညာပိုင်း ဆိုင်ရာများကို ဆောင်ရွက် ပြီး မိုးကာလ ခရီးသွားများ၏ ဘေးကင်း လုံခြုံရေး အတွက် လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေးတွင် ခရီးသည် ပို့ဆောင်ရေး အနေဖြင့် ဌာနကြီး ငါးခုရှိပြီး သင်္ဘောစင်းရေ ၃၉ဝ ခန့်ရှိကာ သင်္ဘော ထက်ဝက်ခန့်မှာ နှစ် ၅ဝ ခန့် သက်တမ်းရှိ သင်္ဘောများ ဖြစ်သော်လည်း လက်ရှိ အသုံးပြုနေသော သင်္ဘောများ၏ ကြံ့ခိုင်ရေး အပိုင်းမှာ စိတ်ချရသည့် အနေ အထားတွင် ရှိကြောင်း ပြည်တွင်း ရေကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ (၄၄၇)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...