Social Icons

Pages

Thursday, May 21, 2015

မြန်မာနိုင်ငံတွင် မိုဘိုင်းလ်ဖုန်း သုံးစွဲသူ ၅၅ ဒသမ ၈ ရာခိုင်နှုန်းမှာ တစ်နေ့လျှင် အင်တာနက်သုံးစွဲချိန် တစ်နာရီအထက်ရှိ



ရန်ကုန် ၊ ၂၁-၅-၂၀၁၅

မြန်မာနိုင်ငံတွင် မိုဘိုင်းလ်ဖုန်း သုံးစွဲသူ ၅၅ ဒသမ ၈ ရာခိုင်နှုန်းမှာ တစ်နေ့လျှင် အင်တာနက် သုံးစွဲချိန် တစ်နာရီ အထက် ရှိနေပြီး ၄င်းတို့အနက် Facebook သုံးစွဲမှု မှာ ၇၁ ဒသမ ၃ ရာခိုင်နှုန်း ရှိနေကြောင်း စင်ကာပူ အခြေစိုက် Mileage Communication Myanmar ၏ စစ်တမ်းများ အရ သိရသည်။

အဆိုပါ စစ်တမ်းက Gmail သုံးစွဲမှုသည် ၂၅ ဒသမ ၇ ရာခိုင်နှုန်း၊ Gtalk သုံးစွဲမှုသည် ၂၂ ဒသမ ၈ ရာခိုင်နှုန်းနှင့် Twitter သုံးစွဲမှု နှုန်းသည် ၁ဝ ဒသမ ၅ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

မိုဘိုင်းလ်ဖုန်း သုံးစွဲသူ ၅၅ ဒသမ ၈ ရာခိုင်နှုန်းသည် တစ်နေ့လျှင် အင်တာနက် သုံးစွဲချိန် တစ်နာရီမှ နှစ်နာရီ အတွင်း ရှိပြီး ၃၃ ဒသမ ၉ ရာခိုင်နှုန်းသည် တစ်နေ့လျှင် တစ်နာရီခန့် အင်တာနက် သုံးစွဲကြောင်းလည်း ဖော်ပြထားပြီး ၂ဝ၁ဝ ပြည့်နှစ်တွင် ထုတ်ဝေခဲ့သော အစီရင်ခံစာ အရ မြန်မာနိုင်ငံတွင် လူဦးရေ ၁ သန်းခန့်သာ မိုဘိုင်းလ်ဖုန်း အသုံးပြု နိုင်ခဲ့ကြောင်း သိရသည်။

၂ဝ၁၁ ခုနှစ် မတ်လက နိုင်ငံခြား ဆက်သွယ်ရေး ကုမ္ပဏီများအား လုပ်ငန်းလိုင်စင် ချပေးခဲ့ခြင်း အပါအဝင် ပြုပြင် ပြောင်းလဲမှုများ စတင်ဆောင်ရွက် လာခဲ့ပြီး နောက်ပိုင်းတွင် ဆက်သွယ်ရေး လုပ်ငန်း သုံးခုလုံး ဆက်သွယ်ရေး တာဝါတိုင်များ တပ်ဆင် ပြီးစီးပြီးနောက် မြန်မာ့ ဆက်သွယ်ရေး ကွန်ရက် ပိုမိုကျယ်ပြန့် လာခဲ့ပြီး ဆင်းကတ်များ ကိုလည်း ပိုမိုရောင်းချ ပေးနိုင်ခဲ့ကြောင်း သိရသည်။

အော်ရီဒူး ကုမ္ပဏီ၏ သုံးလပတ် အစီရင်ခံစာ အရ ယခုနှစ် ဧပြီလ နောက်ဆုံးပတ် အထိ သုံးစွဲသူပေါင်း ၃ ဒသမ ၃ သန်းရှိပြီး ဆက်သွယ်ရေး တာဝါတိုင် ၁၈၅၀ စိုက်ထူထားသည့် တယ်လီနော က သုံးစွဲသူပေါင်း ၆ ဒသမ ၄ သန်း ရှိကြောင်း ကုမ္ပဏီများ၏ ထုတ်ပြန်ချက် အရ သိရသည်။

အိအိအောင်

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...