Social Icons

Pages

Thursday, May 14, 2015

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ ဆာဗီးယားသမ္မတ နိုင်ငံမှ ပြန်လည်ထွက်ခွာ


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သံရုံးဧည့်ခန်းတွင် သံရုံးဝန်ထမ်းများနှင့် တွေ့ဆုံစဉ်

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာသံရုံးရှိ ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ် ရေးထိုးစဉ်

နေပြည်တော် ၊ ၁၄-၅-၂၀၁၅

ဆားဗီးယားနိုင်ငံ သို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ဆားဗီးယား စံတော်ချိန် ယမန်နေ့ နံနက် ၉ နာရီတွင် ဆားဗီးယားနိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဇော်ထွန်း နှင့်အတူ တည်းခိုရာ ဟိုတယ်မှ ထွက်ခွာရာ ဆားဗီးယားနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးသို့ ၉ နာရီ ၁၀ မိနစ်တွင် ရောက်ရှိပြီး သံရုံး ဒုတိယ အကြီးအကဲ သံမှူးကြီး ဦးအောင်ကျော်မိုး နှင့် သံရုံးဝန်ထမ်း များက ခရီးဦးကြိုဆို နှုတ်ဆက်ကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် သည် မြန်မာသံရုံးရှိ ဧည့်သည်တော် မှတ်တမ်း တွင် လက်မှတ် ရေးထိုးပြီး၊ သံရုံး ဧည့်ခန်းတွင် သံရုံးဝန်ထမ်းများ နှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံ နှင့် ဆားဗီးယား နှစ်နိုင်ငံ တို့သည် မိတ်ဆွေကောင်း နိုင်ငံများ ဖြစ်ကြသဖြင့် နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုမို ကောင်းမွန် ခိုင်မာအောင် ကြိုးစား ဆောင်ရွက် စေလိုကြောင်း၊ မိမိ၏ ခရီးစဉ်သည် နိုင်ငံ နှစ်နိုင်ငံ နှင့် တပ်မတော်နှစ်ရပ် အကြား ဆက်ဆံရေးကို ပိုမို ကောင်းမွန်အောင် ဆောင်ရွက်ရန် လာရောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ နိုင်ငံတကာ ဆက်ဆံရေး သဘောတရား အရ တပ်မတော် နှစ်ရပ် ဆက်ဆံရေး ကောင်းမွန်လျှင် ထိုနိုင်ငံ နှစ်ခု၏ ဆက်ဆံရေး သည် ပိုမိုခိုင်မာသည့် အစဉ် အလာများ ရှိကြောင်း၊ တာဝန် ထမ်းဆောင်စဉ် အတွင်း မိသားစု စိတ်ဓာတ်၊ ညီအစ်ကိုမောင်နှမ စိတ်ဓာတ်များဖြင့် စည်းစည်းလုံးလုံး ညီညီ ညွတ်ညွတ်ရှိ နေရန် လိုအပ်ကြောင်း ပြောကြားသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့် အဖွဲ့ သည် မြန်မာသံရုံးမှ နံနက် ၉နာရီ ၃၅ မိနစ်တွင် ပြန်လည် ထွက်ခွာရာ တည်းခိုရာ ဟိုတယ်သို့ ၉နာရီ ၄၅ မိနစ်တွင် ပြန်လည် ရောက်ရှိသည်။ ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် တည်းခိုရာ ဟိုတယ်မှ နံနက် ၁၁ နာရီ ၁၅ နာရီတွင်ထွက်ခွာလာရာ ဆားဗီးယား နိုင်ငံ၊ ဘဲလ်ဂရိတ်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ၁၁ နာရီ မိနစ် ၃၀ တွင် ရောက်ရှိပြီး လေဆိပ်တွင် ဆားဗီးယား တပ်မတော် မှ Head of the Management for the Strategic Planning of the Sector for the Defence Policy ဖြစ်သူ ဗိုလ်မှူးချုပ် Slobodan Joksimovic နှင့် တာဝန်ရှိသူများ၊ ဆားဗီးယားနိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဇော်ထွန်း နှင့် ဇနီးတို့က ကြိုဆိုကြသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ဆားဗီးယားနိုင်ငံ၊ ဘဲလ်ဂရိတ်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဒေသ စံတော်ချိန် ၁၂ နာရီ ၅၅ မိနစ်တွင် ယူအေအီးနိုင်ငံ၊ အဘူဒါဘီမြို့ သို့ ဆက်လက် ထွက်ခွာ ခဲ့ကြကြောင်း သိရှိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...