Social Icons

Pages

Monday, May 18, 2015

တိုက်ပွဲရှောင်ရာမှ နေရပ်သို့ ပြန်လည်ရောက်ရှိလာသော ဒေသခံပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်


ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စစ်အုပ်ချုပ်ရေးဒေသမှူး ဗိုလ်မှူးကြီး စောမြင့်ဦး တိုက်ပွဲရှောင်ရာမှ နေရပ်သို့ ပြန်လည် ရောက်ရှိလာသော ဒေသခံပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်စဉ်

တိုက်ပွဲရှောင်ရာမှ နေရပ်သို့ ပြန်လည်ရောက်ရှိလာသော ဒေသခံပြည်သူများကို တွေ့ရစဉ်

တိုက်ပွဲရောင် ပြည်သူများ ပြန်လည်ဝင်ရောက်သည့် ကျေးရွာများပြပုံ

နေပြည်တော် ၊ ၁၈-၅-၂၀၁၅

လောက်ကိုင်ဒေသ အတွင်း တည်ငြိမ် အေးချမ်းလာပြီ ဖြစ်သဖြင့် တိုက်ပွဲရှောင် ပြည်သူများသည် နေရပ် အသီးသီးသို့ ပြန်လည် ဝင်ရောက်လျက် ရှိရာ ကြာစီရှူး ကျေးရွာ၊ တာရွှေထန် ကျေးရွာ၊ ချားဟော် ကျေးရွာများမှ ဒေသခံ ပြည်သူ အိမ်ထောင်စု ၃ဝ၁ စု၊ လူဦးရေ ၁၇ဝ၁ ဦးတို့သည် နေရပ် အသီးသီးသို့ ပြန်လည် ဝင်ရောက် လာကြသည်။

ထိုသို့ ပြန်လည် ဝင်ရောက် လာကြသော ဒေသခံ ပြည်သူများအား မေ ၁၆ ရက် နေ့လယ်ပိုင်းတွင် လောက်ကိုင်ခရိုင်၊ တာရွှေထန် ကျေးရွာအုပ်စု၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးဝင်းအတွင်း၌ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ စစ်အုပ်ချုပ်ရေး ဒေသမှူး ဗိုလ်မှူးကြီး စောမြင့်ဦး နှင့် တာဝန်ရှိသူများ၊ ခရိုင်မြို့နယ် ဌာနဆိုင်ရာ အကြီးအကဲများ၊ ကိုးကန့် မြို့မိမြို့ဖများ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ ကိုးကန့်လူမှု ဖွံ့ဖြိုးရေးအသင်း၊ Nippon Foundation မှ တာဝန်ရှိ သူများက ဆန် ၁၅၁ အိတ်၊ ကုလားပဲ ပိဿာ ၃ဝဝ ၊ ဆား ပိဿာ ၁၅ဝ ၊ ဆီ ၃ဝ၁ ပိဿာ၊ ဆပ်ပြာမှုန့် ၃ဝ၁ ထုပ်၊ မျက်နှာသုတ် ပဝါ ၃ဝ၁ ထည်၊ သွားတိုက်ဆေး သွားတိုက်တံ ၃ဝ၁ စုံ၊ ပစ္စည်း လေးမျိုးပါ ကြက်ခြေနီ Set ၃ဝ၁ စုံနှင့် ဆိုလာမီးအိမ် ၁၅၁ ခုတို့အား ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...