ရန်ကုန် ၊ ၂၀-၅-၂၀၁၅
အစားအစာ များကို ကြာရှည်ခံ စေသော ဓာတု အရောင်တင် ဆေးနှင့် ကြာဆံများသည် အလူမီနီယံဓာတ် ပါဝင်ခြင်းကြောင့် အသည်းကို ဒုက္ခပေး နိုင်သဖြင့် ကြာရှည်ခံ စေရန်ပြု လုပ်ထားသော အစားအစာ များနှင့် ကြာဆံများကို အလွန်အကျွံ စားသုံးခြင်း မပြုရန်နှင့် အသည်းကို ဂရုစိုက်ပါက လူ၏ အသက် အန္တရာယ်ကို ဒုက္ခပေးသော ကင်ဆာ ရောဂါကိုပါ ကာကွယ် နိုင်ကြောင်း သိရသည်။လူ၏ ခန္ဓာကိုယ်၌ ရှိသော အသည်းသည် ကိုယ်ခန္ဓာ တစ်ခုလုံး၏ အဆိပ် အတောက် များကို ဖယ်ရှားပေးခြင်း အပြင် ကိုယ်ခန္ဓာ အတွင်း၌ ရှိသော ဗိုင်းရပ်(စ်)ပိုး များကိုလည်း တိုက်ခိုက် နှိမ်နင်းပေးလျက် ရှိရာ အသည်း ကို သေချာစွာ ဂရုစိုက်ရမည် ဖြစ်ပြီး ကြာရှည်ခံသော အစားအစာများ၊ စည်သွတ်ဘူးများ၊ စည်သွတ် အချိုရည် များသည် အသည်း အတွက် အန္တရာယ် ဖြစ်စေသောကြောင့် စားသုံးရန် မသင့်ဟု ဒေါက်တာ မြင့်သန်းထွန်း (ပြည်သူ့ ကျန်းမာရေး) က ပြောသည်။
လူ၏ ခန္ဓာကိုယ်တွင် အသည်း မကျန်းမာပါက ကိုယ်ခန္ဓာ၏ တခြားသော ကလီစာ များကို ထိခိုက် နိုင်သောကြောင့် အသည်းကို ဂရုစိုက်ရန် လိုအပ်ပြီး အသည်းသည် ဆေးများတွင် ပါဝင်သော တခြား ဓာတုဒြပ်ပေါင်း များကို ချေဖျက်ပေးကာ အသည်းကို ဒုက္ခပေးသော ပါရာစီတမော ကိုက်ခဲဖျား နာဆေး၊ တီဘီဆေး ရိုင်ဖန်ဗီဇင့် များကို အလွန်အကျွံ သောက်သုံးခြင်း ကို ရှောင်ကြဉ် ရမည် ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောသည်။
ထို့အပြင် ဓာတုနည်းဖြင့် ဖော်စပ်ထားသော အနောက်တိုင်း ဆေးဝါးများ နှင့် တရုတ်ဆေး များကို ဆရာဝန် ညွှန်ကြားချက် ပါမှသာ သောက်သုံး သင့်ကြောင်းနှင့် အဆီသည် အသည်း၏ လုပ်ငန်းများကို ပျက်စီး စေပြီး အသည်းကို အားနည်း စေသောကြောင့် အဆီများများ စားခြင်းမှလည်း ရှောင်ကြဉ် သင့်ကြောင်း သိရသည်။
အဆိုပါ အသည်း ကျန်းမာရေး ကောင်းမွန်စေရန် ဆီးသွား စေရန်နှင့် ရေဓာတ် ခန်းခြောက်မှု မဖြစ်စေရန် တစ်နေ့လျှင် ရေဖန်ခွက် ရှစ်ခွက်ခန့် သောက်သုံး ရမည် ဖြစ်ပြီး လေဝင်လေထွက် ကောင်းသော တံခါးပေါက်များ၊ ပြတင်းများ ဖွင့်၍ သဘာဝ လေကောင်းလေသန့် ကိုလည်း ရှူရမည် ဖြစ်ကြောင်း သိရသည်။
ဆုလာဘ်
#Themyawadydaily

No comments:
Post a Comment