Social Icons

Pages

Friday, April 10, 2015

ဘဏ်ခွဲဖွင့်လှစ်ခွင့် ရရှိထားသည့် OCBC ဘဏ်တွင် မြန်မာလုပ်သား ၀န်ထမ်းတစ်ဝက်ကျော် ခန့်အပ်သွားမည်


ရန်ကုန် ၊ ၁၀-၄-၂၀၁၅

မြန်မာနိုင်ငံ၌ ဘဏ်ခွဲ ဖွင့်လှစ်ရန် လုပ်ကိုင်ခွင့် လိုင်စင် ရရှိထားပြီး ဖြစ်သည့် OCBC ဘဏ်အနေဖြင့် ဘဏ်ဝန်ထမ်း များအား ခန့်အပ်ရာတွင် မြန်မာလုပ်သား များအား အဓိကထား၍ တစ်ဝက်ကျော် ခန့်အထိ ရွေးချယ် ခန့်အပ်သွားမည် ဖြစ်ကြောင်း Mr. Linus Goh - Head of OCBC Global Commercial Banking ကပြောသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ အပြီးသတ် လုပ်ငန်း လိုင်စင်အား ဧပြီ ၂ ရက်တွင် ထုတ်ပေးခဲ့ပြီး ဧပြီ ၂၃ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး မဟာဗန္ဓုလလမ်း နှင့် သိမ်ဖြူလမ်း ထောင့်ရှိ Union Financial Centre (UFC) ၌ ဖွင့်လှစ် ပေးသွားမည် ဖြစ်သည်။

OCBC ရန်ကုန်ဘဏ်ခွဲ ဖွင့်လှစ် လုပ်ကိုင်ရာတွင် မတည် ရင်းနှီးမြှုပ်နှံ မှုမှာ အမေရိကန် ဒေါ်လာ ၇၅သန်း (စင်ကာပူဒေါ်လာ ၁ဝ၂ သန်း) ဖြင့် လုပ်ကိုင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ ထိုကဲ့သို့ ဘဏ်ခွဲတစ်ရပ် ဖွင့်လှစ် လုပ်ကိုင်ခွင့် ရရှိခဲ့သည့် အတွက် ဝန်ထမ်းအင်အား ခန့်အပ် ရာတွင်လည်း မြန်မာဝန်ထမ်း ၇၅ ရာခိုင်နှုန်းကို ခန့်အပ် ပေးသွားမည် ဖြစ်သည်။

OCBC ရန်ကုန်ဘဏ်ခွဲ အနေဖြင့် ငွေကြေး စီမံခန့်ခွဲမှု၊ စီမံကိန်း အလိုက် ငွေချေးမှု၊ နေ့စဉ် လုပ်ငန်းသုံး ချေးငွေ ထောက်ပံ့မှုနှင့် ကုန်သွယ် ရောင်းဝယ်ရေး ဆိုင်ရာ ငွေကြေး ဝန်ဆောင်မှု အပါအဝင် ဘဏ္ဍာရေးနှင့် Capital Market ဆိုင်ရာ အကြံပေး၊ ဝန်ဆောင်မှုများ အစရှိသည့် ဘဏ်လုပ်ငန်း ဝန်ဆောင်မှု များကို ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေဖြင့် စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ တရုတ်၊ ဂျပန်နှင့် သြစတြေးလျ စသည့် နိုင်ငံတို့မှ နိုင်ငံခြားဘဏ် ကိုးခုအား ၂ဝ၁၄ ခုနှစ် အောက်တိုဘာလ အတွင်း ယာယီဘဏ် လုပ်ငန်းလိုင်စင် ပေးအပ်ခဲ့သည်။ ၄င်းဘဏ်များ ထဲတွင် စတင်ခွင့်ပြု ပေးလိုက်သည့် ဘဏ်သုံးခုတွင် တစ်ခုအပါအဝင် လည်းဖြစ်ကြောင်း၊ ကနဦး ခွင့်ပြုချက် ရရှိထားပြီး ဖြစ်သော်လည်း အပြီးသတ် လိုင်စင် ရရှိရန် ကျန်ရှိ နေသေးသည့် ဘဏ်များကို ဆက်လက် ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အပြီးသတ်လိုင်စင် ရရှိရန် ကျန်ရှိနေသည့် ဘဏ်များမှာ Australia and New Zealand Banking Group Ltd. ၊ Bangkok Bank ၊ Industrial and Commercial Bank of China ၊ Malayan Banking Berhad ၊ Mizuho Bank ၊ United Oversea Bankု တို့ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...