Social Icons

Pages

Tuesday, April 21, 2015

အာဆီယံနိုင်ငံများ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အထူးတပ်ဖွဲ့ ၊ တပ်ဖွဲ့မှူးများ၏ (၂၈)ကြိမ်မြောက် အစည်းအဝေး ကို ဘရူနိုင်းနိုင်ငံ၌ ကျင်းပမည်


ရန်ကုန် ၊ ၂၁-၅-၂၀၁၅

အာဆီယံ အဖွဲ့ဝင် နိုင်ငံများမှ လူကုန်ကူးမှု တိုက်ဖျက်ရေး ဆိုင်ရာ အထူးရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူးများ အချင်းချင်း တွေ့ဆုံ စည်းဝေးသည့် (၂၈)ကြိမ်မြောက် အစည်းအဝေးကို ဧပြီ ၂၂ ရက်မှ ၂၃ ရက်အထိ ဘရူနိုင်းနိုင်ငံ တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ 

(၂၆)ကြိမ်မြောက် အစည်းအဝေးကို ၂ဝ၁၄ ခုနှစ် မတ်လတွင် ဗီယက်နမ်နိုင်ငံ ၌လည်းကောင်း၊ (၂၇)ကြိမ်မြောက် အစည်းအဝေးကို ၂ဝ၁၄ ခုနှစ် ဇွန်လတွင် ဘရူနိုင်း နိုင်ငံ၌ လည်းကောင်း ကျင်းပခဲ့ပြီး ယခု ကျင်းပမည့် အစည်းအဝေး တွင် ဘရူနိုင်းနိုင်ငံမှ အလှည့်ကျ သဘာပတိ အဖြစ် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

နယ်စပ် ဖြတ်ကျော်မှုခင်း ဆိုင်ရာ အဆင့်မြင့် အရာရှိကြီး များ၏ လုပ်ငန်းအဖွဲ့ ဦးဆောင်မှု အောက်တွင် လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်ခြင်းကို ၂ဝ၁ဝ ပြည့်နှစ်ကပင် ပြုလုပ်ခဲ့ကာ လူကုန်ကူး ခံရသူများကို စိစစ်ခြင်းနှင့် အန္တရာယ် ကင်းရှင်းစေခြင်း၊ သံသယရှိသူကို စိစစ်ခြင်း၊ နယ်စပ် ဖြတ်ကျော် ပူးပေါင်း စုံစမ်း စစ်ဆေးခြင်း၊ ပြည်တွင်း အချက်အလက်များ စုဆောင်းမှု စနစ် ထူထောင်ခြင်း နှင့် တပ်ဖွဲ့မှူးများ အချင်းချင်း ဆက်သွယ်မှု နည်းလမ်း ကျင့်သုံးခြင်းများ ပါဝင်သည့် HSU Work Plan 2014-2015 ကို (၂၆)ကြိမ်မြောက် အစည်းအဝေးတွင် အတည်ပြု ခဲ့ကြပြီး လူကုန်ကူးမှု တိုက်ဖျက်ရေး ဆိုင်ရာ အာဆီယံ ကွန်ဗင်းရှင်း (ASEAN Convention on Trafficking in Persons ) နှင့် ဒေသတွင်း လုပ်ငန်းစီမံချက် (Regional Plan of Action) များနှင့်အညီ အကောင် အထည်ဖော် ဆောင်ရွက် သွားရမည်ဟု ယခင် ဆွေးနွေးပွဲ များက သဘောတူညီမှု ရရှိကြောင်း သိရသည်။

ဘရူနိုင်းနိုင်ငံ၌ ကျင်းပမည့် (၂၈)ကြိမ်မြောက် အာဆီယံနိုင်ငံ များ၏ လူကုန်ကူးမှု တိုက်ဖျက်ရေး ဆိုင်ရာ အထူးတပ်ဖွဲ့ များမှ တပ်ဖွဲ့မှူးများ အစည်းအဝေး ဘရူနိုင်းနိုင်ငံ ၌ ကျင်းပရာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ် လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင်ထွန်း တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

မိုးအောင်

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...