Social Icons

Pages

Thursday, April 9, 2015

ဥရောပဈေးကွက်သို့ တင်ပို့နိုင်မည့် တီလားဗီးယား ငါးမျိုးစိတ်ကို ပထမအကြိမ် စတင်မွေးမြူမည်


ရန်ကုန် ၊ ၉-၄-၂၀၁၅

ဥရောပ ဈေးကွက်သို့ တင်ပို့ရန် အရည်အသွေး ပြည့်မီသည့် တီလားဗီးယား ငါးသားပေါက် များကို ပြည်ပမှ ပထမဆုံး အကြိမ်အဖြစ် တင်သွင်းမွေးမြူ သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် အမှုဆောင် ဒုတိယ ဥက္ကဋ္ဌ ဦးဟန်ထွန်း က ပြောသည်။

မြန်မာနိုင်ငံမှ မွေးမြူ ထုတ်လုပ်သည့် တီလားဗီးယား ငါးများ အရည်အသွေး နှင့် အရွယ်အစား ပြည့်မီမှု ရှိမည်ဆိုပါက ဥရောပ ဈေးကွက်သို့ တင်ပို့ခွင့် ရရှိမည် ဖြစ်သည့်အပြင် ဥရောပ ဝယ်လက်များက နှစ်ရှည် စာချုပ်ဖြင့်ဈေးကောင်းပေး ဝယ်ယူမည် ဖြစ်သည်။

''ဒီမှာကလည်း အခု တီလားဗီးယား ငါးကို အမြောက်အမြား မွေးတယ်။ ဒါပေမဲ့ ပြည်တွင်း ဈေးကွက် လိုအပ်ချက် တွေကို ဖြည့်ဆည်းနိုင်ဖို့ အတွက်သာ မွေးမြူရေး သမားတွေ မွေးနေကြတာ။ ပြည်တွင်း စားသုံးမှု ဈေးကွက် အရွယ်အစား အရည်အသွေး ကန့်သတ်ချက် မရှိဘူး။ ဈေးကလည်း ဒီလောက်ကြီး မရဘူး။ ပြည်ပပို့မယ့် Export ဘယ်လို သွားမလဲ ဆိုရင်တော့ ဒီလောက်နဲ့ မရဘူး။ ကန့်သတ်ချက်တွေ အများကြီး ရှိတယ်။ အဓိက ကတော့ ငါးအသား အရည်အသွေး ကောင်းဖို့နဲ့ ဈေးကွက်ဝင်တဲ့ အရွယ်အစား ဖြစ်ဖို့ အရေးကြီးတယ်။ အဲဒါကို အခု စမ်းသပ်တဲ့ အနေနဲ့ Export ဈေးကွက်ဝင် တီလားဗီးယား ငါးသားပေါက် တွေကို ပြည်ပကနေ သွင်းပြီး မွေးမယ်။ ပြီးရင် ဥရောပ ကိုတင်ပို့မယ်'' ဟု မြန်မာနိုင်ငံ ရေထွက်ပစ္စည်း ထုတ်လုပ် သူများနှင့် ပို့ကုန် လုပ်ငန်းရှင်များ အသင်း ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင် ဒေါက်တာ တိုးနန္ဒာတင် က ပြောသည်။

တိုင်ဝမ်သည် အစိမ်းစား နိုင်သည်အထိ အရည်အသွေး ပြည့်သော တီလားဗီးယား ငါးသားပေါက် များကို ဝယ်ယူ တင်သွင်း၍ ပြည်တွင်း၌ မွေးမြူပြီးနောက် ဥရောပ ဈေးကွက် အတွင်းသို့ ပထမဆုံး အကြိမ် တီလားဗီးယား ငါးများကို တင်ပို့ ရောင်းချ သွားမည် ဖြစ်ကြောင်း သိရသည်။

ထက်နေ

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...