ရန်ကုန် ၊ ၁၂-၃-၂၀၁၅
ဘဏ်လုပ်ငန်းများ ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံများ၌ အသုံးပြုလျက် ရှိသော Credit ဗျူရိုကို အာဆီယံ အဖွဲ့ဝင် နိုင်ငံအားလုံး နီးပါးတွင်လည်း အကောင်အထည် ဖော်ဆောင်ရွက် နေပြီဖြစ်ရာ မြန်မာနိုင်ငံ ၌လည်း လာမည့်နှစ် အတွင်း စတင် ကျင့်သုံးနိုင်ရန် တာဝန်ရှိ သူများက စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သမဝါယမဘဏ် လီမိတက်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အဆိုပါ Credit ဗျူရိုသည် ဘဏ်လုပ်ငန်း များနှင့် သက်ဆိုင်သော စနစ်တစ်ခု ဖြစ်ပြီး အာဆီယံ နိုင်ငံများ၌ မြန်မာနှင့် ဘရူနိုင်းနိုင်ငံ တို့တွင်သာ ထိုစနစ်ကို အကောင်အထည် ဖော်ရန် ကျန်ရှိ နေသည့်အတွက် ၂ဝ၁၆ ခုနှစ် စက်တင်ဘာလ တွင် စတင်ကျင့်သုံး နိုင်ရန် ဘဏ်လုပ်ငန်း များမှ ပူးပေါင်း ဆောင်ရွက်လျက် ရှိသည့်အပြင် သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီး ကလည်း Credit ဗျူရို နှင့်ပတ်သက်၍ နားလည်မှု စာချွန်လွှာကို လက်မှတ် ရေးထိုးထားပြီး ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၌ Credit ဗျူရိုကို အကောင် အထည်ဖော် ဆောင်ရွက် လာသောအခါ ဘဏ်လုပ်ငန်း များနှင့် ဆက်ဆံမှု များသော ကုမ္ပဏီများ၊ စီးပွားရေး လုပ်ငန်းရှင် များနှင့် အရေးကြီး ပုဂ္ဂိုလ်များ၏ သမိုင်းကြောင်း အချက်အလက် များကို ပြည်တွင်းရှိ ဘဏ်တစ်ခုစီတွင် လျှို့ဝှက် သိမ်းဆည်း ထားရှိမည် ဖြစ်သည်။ ထို့အပြင် ဘဏ်မှ ငွေချေးခြင်း ကိစ္စရပ်များ အတွက် စုံစမ်းလိုသော အခါတွင် ဖြစ်စေ၊ ပြည်တွင်း၌ Credit Card ထုတ်လုပ် သုံးစွဲခြင်း ကဲ့သို့သော ဘဏ် ဝန်ဆောင်မှု လုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်သော အခါတွင် ဖြစ်စေ အဆိုပါ Credit ဗျူရိုအရ မှတ်တမ်းတင် ထားသော အချက်အလက် များကို အသုံးပြု သွားမည် ဖြစ်သည်။
ထို့အပြင် Credit ဗျူရိုအတွက် စုံစမ်း သိမ်းဆည်းထားသော ကုမ္ပဏီ သို့မဟုတ် လူပုဂ္ဂိုလ်တို့နှင့် သက်ဆိုင်သော အချက်အလက် များကိုလည်း ပြင်ပသို့ ပေါက်ကြားခြင်း မရှိစေရန် ဘဏ်လုပ်ငန်း ပိုင်းဆိုင်ရာ စည်းမျဉ်း စည်းကမ်း၊ နည်းဥပဒေ များဖြင့် ထိန်းချုပ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ဆောင်းဦး
#Themyawadydaily
#မြ၀တီနေ့စဉ်
No comments:
Post a Comment