တာချီလိတ် ၊ ၁၇-၃-၂ဝ၁၅

အဆိုပါဒေသသို့ နံနက် ၆ နာရီမှ ည ၈ နာရီခွဲအထိ ဖွင့်လှစ် ဖြတ်သန်းခွင့် ပြုထားပြီး တာချီလိတ်မြို့၏ သင့်တင့် မျှတသော ရာသီဥတု၊ တိုင်းရင်းသား မျိုးနွယ်စုများ ၏ စိတ်ဝင်စားဖွယ် ရိုးရာဓလေ့ စရိုက်များ လေ့လာရန် အိမ်နီးချင်း နိုင်ငံများမှ ခရီးသွား ဧည့်သည်များ နှင့် ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များပါ လာရောက် လည်ပတ်မှု မြင့်တက် လာခဲ့ကြောင်း သိရသည်။
ထို့အပြင် တာချီလိတ်မြို့၏ အထင်ကရ နေရာများ ဖြစ်သည့် မဟာမြတ်မုနိ ဘုန်းတော်ကြီးကျောင်း၊ နဂါးနှစ်ကောင် ဘုန်းတော်ကြီးကျောင်း၊ မြို့လယ်ဓမ္မာရုံ၊ တရုတ်ဘုံကျောင်း၊ တာလော့ဈေး၊ တာချီလိတ် နံနက်ခင်းဈေး၊ ရိုးရာ အစားအသောက် နှင့် အမှတ်တရပစ္စည်း အရောင်းဆိုင် များမှာလည်း နိုင်ငံခြား ခရီးသွား ဧည့်သည်များ လာရောက် လည်ပတ်ရန် ဆွဲဆောင်လျက် ရှိကြောင်း သိရသည်။
ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက် အရ တာချီလိတ်မြို့ ၌ နိုင်ငံတကာ အဆင့်မီ ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာ၂၄ လုံးနှင့် ခရီးစဉ် ဝန်ဆောင်မှုများ ပေးနေသည့် ခရီးသွား လုပ်ငန်း ကုမ္ပဏီ ၁ဝ ခုဖြင့် ပြည်တွင်း ပြည်ပ ခရီးသွား ဧည့်သည်များကို ဝန်ဆောင်မှု ပေးလျက် ရှိကြောင်း သိရသည်။
အေဒီမိုး
#Themyawadydaily
#မြဝတီနေ့စဉ်
No comments:
Post a Comment