Social Icons

Pages

Sunday, January 11, 2015

ဟားခါးမြို့  ရေရရှိရေး တီးမီးလွင်ပြင်တွင် ရေလှောင်ကန် ယခုနှစ်အတွင်း တည်ဆောက်မည်



ဟားခါး ၊ ၁၁-၁-၂ဝ၁၅

ချင်းပြည်နယ်၏ မြို့တော်ဖြစ်သော ဟားခါးမြို့ ရေရရှိရေး အတွက် နိုင်ငံတော်မှ ငွေကျပ် သန်းပေါင်း ၁၇ဝ အကုန်အကျ ခံ၍ တီးမီးလွင်ပြင် တွင် ရေလှောင်ကန် တည်ဆောက်ကာ ရေပေးဝေ သွားမည် ဖြစ်ကြောင်း သိရသည်။

ဟားခါးမြို့သည် နှစ်စဉ် နွေရာသီ ရောက်တိုင်း ရေရှားပါးမှု များဖြင့် ကြုံတွေ့လျက် ရှိရာ ဟားခါး မြို့သူမြို့သားများ အနေဖြင့် မြို့တွင်း စိမ့်စမ်းရေများမှ ကိုယ့်အား ကိုယ်ကိုး ရေသွယ်ယူ၍ လည်းကောင်း၊ ဒိမ်းပီကုမ္ပဏီ မှ ပြုလုပ်ထားသည့် ရေလှောင်ကန် မှ လည်းကောင်း၊ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ်မှ ဆောင်ရွက် ပေးထားသော ဟားခါးမြို့မှ ၁၂ မိုင်ဝေးသည့် ရေလှောင်ကန်မှ လည်းကောင်း သောက်သုံးရေ ရယူ သုံးစွဲလျက် ရှိကြောင်း သိရသည်။

တီးမီး ရေလှောင်ကန် သည် ရေဝပ် ဧရိယာ ၁ဝ ဧက ရှိပြီး အောက်ခြေအထူ ၁၃ မီတာ၊ အပေါ်ပိုင်း ၃ မီတာ ရှိကြောင်း သိရသည်။ အဆိုပါ ရေလှောင်ကန်ကို ဟားခါးမြို့မှ ၆ မိုင်အကွာ တီးမီးချောင်း အနီးရှိ ကုန်းမြင့်၌ တည်ဆောက်မည် ဖြစ်ရာ ထို ရေလှောင်ကန် မှ ရေများသည် တီးမီးချိုင့်ဝှမ်း လယ်ယာမြေ များကိုလည်း အကျိုးပြု နိုင်မည် ဖြစ်ပြီး ထို ရေလှောင်ကန်မှ တစ်နေ့လျှင် ရေဂါလန် ၄၅ဝဝဝဝ ပေးဝေနိုင်မည် ဖြစ်ကြောင်း သိရသည်။

တီးမီး ရေလှောင်ကန် စီမံကိန်းကို ၂ဝ၁၅ ခုနှစ် သြဂုတ်လတွင် မြန်မာ့အလှ ကုမ္ပဏီမှ စတင် အကောင် အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

မင်းသော်တာလွင်

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...