Social Icons

Pages

Saturday, January 3, 2015

တောင်သမန်အင်း ရေပြင်သို့ အမှိုက် ရေဆိုးစွန့်ပစ်မှုများကြောင့် ရေအရည်အသွေးများ ကျဆင်းနေ



မန္တလေး ၊ ၃-၁-၂၀၁၅

တောင်သမန်အင်း ရေပြင်တွင် အမှိုက် ပြဿနာ၊ ရေဆိုး ပြဿနာ၊ ဖွဲဖုံးသည့် ပြဿနာ များနှင့် ကြုံတွေ့ နေရပြီး ယင်း ပြဿနာများကို ဖြေရှင်း မပေးနိုင်ပါက တောင်အင်း၊ မြောက်အင်း ကဲ့သို့ ရေဆိုးနံ့များထွက်လာ နိုင်ကြောင်း စိမ်းရောင်စို အဖွဲ့မှ အတွင်းရေးမှူး ဦးမောင်မောင်ဦး က ပြောသည်။

ထိုင်းနိုင်ငံမှ MEE Net အဖွဲ့၊ မြန်မာပြည် ပြည့်ဖြိုးမြဲ စွမ်းအင်အသင်း နှင့် စိမ်းရောင်စို အဖွဲ့တို့ ပူးပေါင်း၍ ဧရာဝတီ မြစ်ဝှမ်းဒေသ လူထုဗဟိုပြု မဟာ ဗျူဟာမြောက် သဘာဝ ပတ်ဝန်းကျင် လေ့လာ တွေ့ရှိချက် အရ တောင်သမန်အင်း ရေပြင်သည် ယင်း ပြဿနာများ နှင့် ကြုံတွေ့ နေရသောကြောင့် အမြန်ဆုံး ဖြေရှင်း သင့်ကြောင်း သိရသည်။

တောင်သမန်အင်း ၁ဝ ပုံတစ်ပုံသည် စက်မှုဇုန် မှ စွန့်ပစ်လိုက်တဲ့ ဖွဲပြာများဖြင့် ဖုံးလွှမ်းလျက် ရှိသည်။ အဆိုပါ ဖွဲထုသည် ၄ ပေခန့်ရှိပြီး ချည်ဆေးဆိုး လုပ်ငန်းများမှ အမိုနီယံ ပါအောက်ဆိုက်များ၊ ရပ်ကွက် အသီးသီးမှ စွန့်ပစ်ပစ္စည်း များ၊ စက်မှုဇုန် များမှ စွန့်ပစ်ထားသည့် မီးသွေး လောင်စာဖွဲများ ပါဝင်ကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့်ရက်ပိုင်းက တောင်သမန်အင်း အတွင်း ငါးများ အစုလိုက် အပြုံလိုက် သေဆုံးမှုနှင့် ပတ်သက်၍ ကနဦး လေ့လာ ဆန်းစစ်မှုများ အရ စက်မှုဇုန်အတွင်း ရေဆိုးများ စွန့်ပစ်ခြင်းကြောင့် ငါးများ မကြာခဏ သေဆုံးရပြီး ရေအရည်အသွေး သည်လည်း ကျဆင်း လာရခြင်း ဖြစ်ကြောင်း သိရသည်။

နေနေ

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...