Social Icons

Pages

Friday, January 30, 2015

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး


တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) ဆေးကုသရေး အဖွဲ့က ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးစဉ်


နေပြည်တော် ၊ ၃၀-၁-၂၀၁၅

ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးမည့် တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) သည် ဇန်နဝါရီ ၂၈ ရက်တွင် မအူပင်မြို့နယ်၊ ကျွဲဂတ် ကျေးရွာသို့ ရောက်ရှိ အခြေပြု၍ အဆိုပါ ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးသည်။

ထိုသို့ ကျန်းမာရေး စောင့်ရှောက်ပေးမှု အနေဖြင့် ဆေးကုသမှု ဆိုင်ရာရောဂါ ၂ဝ၆ ဦး၊ ခွဲစိတ်ရောဂါ ၄၈ ဦး၊ ကလေးရောဂါ ၅၂ ဦး၊ သားဖွားမီးယပ် ရောဂါ ၄၈ ဦး၊ အရိုးရောဂါ ၃၆ ဦး၊ နား နှာခေါင်း လည်ချောင်း ရောဂါ ၅၆ ဦး၊ မျက်စိရောဂါ ၆၈ ဦး၊ သွားရောဂါ ၃၆ ဦး၊ စုစုပေါင်း ၅၅ဝ ဦးအား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးပြီး အထွေထွေ ခွဲစိတ်လူနာ သုံးဦး၊ မျက်စိခွဲစိတ် လူနာ ရှစ်ဦး၊ သွားလူနာ ၃၆ ဦး၊ ဓာတ်မှန်ရိုက် လူနာရှစ်ဦး၊ အာထရာ ဆောင်း ရိုက်လူနာ ၁၅ ဦးတို့အား ခွဲစိတ်ကုသ ပေးခြင်းနှင့် ရောဂါရှာဖွေ စမ်းသပ် ပေးခြင်းများ ဆောင်ရွက်ပေး ခဲ့ကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...