Social Icons

Pages

Sunday, January 11, 2015

နိုင်ငံတော်၏ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အားကစားဘာသာရပ် အထူးပြု တက္ကသိုလ် ကျောင်းသားများ မွေးထုတ်ပေး



မန္တလေး ၊ ၁၁-၁-၂၀၁၅

နိုင်ငံတကာနှင့် အညီ မြန်မာ့ အားကစားလောက အဆင့်အတန်း ဖွံ့ဖြိုးတိုးတက် လာစေရန် ရည်ရွယ်ချက်ဖြင့် အားကစားနှင့် ကာယပညာ သိပ္ပံ(မန္တလေး) က အားကစား ဘာသာရပ် အထူးပြု တက္ကသိုလ် ကျောင်းသားများ မွေးထုတ်ပေးလျက် ရှိကြောင်း အားကစားနှင့် ကာယပညာသိပ္ပံ (မန္တလေး) မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

အားကစားနှင့် ကာယပညာ သိပ္ပံ (မန္တလေး)မှ မန္တလေး ရတနာပုံ တက္ကသိုလ်သို့ အားကစား ဘာသာရပ် အထူးပြုဖြင့် ပထမနှစ် အမျိုးသား ၂၄ ဦး၊ အမျိုးသမီး ၂၂ ဦး စုစုပေါင်း ၄၆ ဦး၊ ဒုတိယနှစ် အမျိုးသား ၃၄ ဦး၊ အမျိုးသမီး ၂၄ ဦး၊ စုစုပေါင်း ၅၈ ဦး တက်ရောက်လျက် ရှိကြောင်း၊ အားကစား ဘာသာရပ် အထူးပြုကို ၂ဝ၁၃- ၂ဝ၁၄ ပညာသင်နှစ် တွင် စတင်ခဲ့ကြောင်း၊ ၄င်း ဘာသာရပ် အတွက် အခြားသော ပြင်ပမှ တက္ကသိုလ်ဝင်တန်း အောင်မြင်သူ၊ ဝါသနာပါသူ လူငယ်များလည်း လျှောက်ထား နိုင်ကြောင်း၊ အားကစားနှင့် ကာယပညာ သိပ္ပံ (မန္တလေး) မှ တက်ရောက်သော ကျောင်းသား များအတွက် ကုန်ကျစရိတ် များကို အားကစား ဝန်ကြီးဌာန အစီအစဉ် ဖြင့် သက်ဆိုင်ရာ အား/ကာသိပ္ပံ ကျောင်းများမှ ဆောင်ရွက် ပေးလျက် ရှိကြောင်း၊ အဆိုပါ တက္ကသိုလ် ကျောင်းသားများ တက္ကသိုလ် တက် B.Sc (Sport) ရောက်ပြီး ပါက အားကစားဘွဲ့ ပေးအပ်ပြီး အားကစား ဝန်ကြီးဌာနတွင် ဝန်ထမ်းများ အဖြစ် ပြန်လည် ခန့်အပ်ပေးမည် ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိ အားကစားနှင့် ကာယပညာ သိပ္ပံ(မန္တလေး)တွင် ရှစ်တန်း၊ ကိုးတန်း၊ ၁ဝတန်း သင်တန်းသား ၅၇၈ ဦး တက်ရောက်လျက် ရှိကြောင်း၊ အဆိုပါ အားကစားနှင့် ပညာရေး ပေါင်းစပ် သင်တန်းသား များကို အားကစားနည်း ၂၅ မျိုးနှင့် အတန်းပညာ ကို ပေါင်းစပ်သင်ကြား လေ့ကျင့်ပေးလျက် ရှိကြောင်း၊ ၂ဝ၁၅- ၂ဝ၁၆ ပညာသင်နှစ် အတွက် သင်တန်းသား ဦးရေ ၇ဝဝ ကျော် ရွေးချယ် လေ့ကျင့် ပေးသွားမည် ဖြစ်ကြောင်း၊ ၄င်း သင်တန်းသား များမှ တက္ကသိုလ် ဝင်တန်း အောင်မြင်သူ များကို B.Sc (Sport) အားကစားဘွဲ့ အတွက် တက္ကသိုလ် တက်ရောက် နိုင်ရေး ဆောင်ရွက် ပေးလျက် ရှိကြောင်း၊ တစ်နိုင်ငံလုံးတွင် အားကစားနှင့်  ကာယပညာ သိပ္ပံကျောင်း အနေဖြင့် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး နှင့် မော်လမြိုင် တို့တွင် ဖွင့်လှစ်ပြီး နိုင်ငံအတွက် အားကစား သမားကောင်းများ မွေးထုတ် ပေးလျက် ရှိကြောင်း သိရသည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...