Social Icons

Pages

Thursday, December 25, 2014

Sony ၏ The Interview ဇာတ်ကားကို အမေရိကန်တစ်ဝန်း ရုပ်ရှင်ရုံ ၃၀၀ တွင် တစ်ပြိုင်တည်း ပြသမည်





ဝါရှင်တန် ၊ ၂၅-၁၂-၂၀၁၄

မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un ကို လုပ်ကြံသည့် အကြောင်း ရိုက်ကူးထားသည့် ဟာသဇာတ်ကား The Interview ကြောင့် ရုပ်ရှင် ထုတ်လုပ်ရေး ကုမ္ပဏီ Sony Picture က ဟက်ကာတို့၏ တိုက်ခိုက်မှုကို ခံခဲ့ရကာ အဆိုပါ ဇာတ်ကားကို ရုံတင်ပြသပါက ရုပ်ရှင်ရုံများတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်ရန် ခြိမ်းခြောက် ခဲ့သဖြင့် Sony Picture က အဆိုပါ ဇာတ်ကားကို မူလ သတ်မှတ် ထားသည့် အတိုင်း ခရစ္စမတ်နေ့တွင် ဖြန့်ချိခြင်း မပြုတော့ဘဲ ခေတ္တရပ်ဆိုင်း ခဲ့ကြောင်း သိရသည်။

ှSony Picture က ဟက်ကာ တစ်စု၏ ခြိမ်းခြောက် မှုကြောင့် ဇာတ်ကား တစ်ကားကို မပြသတော့မည့် အကြောင်းကို အမေရိကန် သမ္မတ ဘားရက် အိုဘားမား အပါအဝင် အမေရိကန် ပြည်သူ ပြည်သားများက ပြစ်တင်ပြောဆို ခဲ့ရာ ယခုအခါ Sony Picture က The Interview ဇာတ်ကားကို အမေရိကန်မှ ရုပ်ရှင်ရုံပေါင်း ၃ဝဝ ကျော်၌ ခရစ္စမတ်နေ့ အမီ ဖြန့်ချိပြသ သွားမည် ဖြစ်ကြောင်း ဒီဇင်ဘာ ၂၃ ရက်က ကြေညာ ခဲ့သည်။ 

ထို့ပြင် AP သတင်းဌာန၏ ဖော်ပြချက်တစ်ခု အရ Sony မှာ The Interview ကို Youtube ပေါ် ထုတ်လွှင့်ပြသ သွားမည် ဖြစ်သည်။ Sony Picture အပေါ် တိုက်ခိုက်မှု နောက်ကွယ်တွင် မြောက်ကိုရီးယား ရှိနေသည်ဟု အမေရိကန်က စွပ်စွဲခဲ့ရာ မြောက်ကိုရီးယား က ငြင်းဆိုခဲ့ပြီး အမေရိကန် နှင့်အတူ စုံစမ်းမှုများ ပြုလုပ်သွားရန် ကမ်းလှမ်းခဲ့သည်။

ှSony Picture က The Interview ဇာတ်ကားကို ရုံတင်ပြသရန် ဆုံးဖြတ်လိုက် သဖြင့် အိမ်ဖြူတော်မှ ပြောရေးဆိုခွင့် ရှိသူက သမ္မတ ဘားရက် အိုဘားမား သည် အဆိုပါ ဇာတ်ကားကို ရုံတင်ပြသရန် ဆုံးဖြတ်ခဲ့ သဖြင့် Sony ကို ချီးကျူးသည်ဟု ဆိုသည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...