Social Icons

Pages

Thursday, December 11, 2014

စင်ကာပူလုပ်ငန်းစု တစ်ခုက ပဲခူး၌ စက်မှုဥယျာဉ်မြို့တော် တစ်ခုထူထောင်နေ


i-Land Industrial Park စီမံကိန်း နေရာပုံစံအား တွေ့ရစဉ်

ပဲခူး ၊ ၁၁-၁၂-၂၀၁၄

စင်ကာပူ ထိပ်တန်းမြို့ပြ အိမ်ရာ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစု တစ်ခုဖြစ်သော Surbana International သည် ပဲခူးမြို့အနီး၌ i-Land Industrial Park ကို ၂ဝ၁၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပထမအဆင့် စတင် ပြီးစီးရန် စီစဉ်နေကြောင်း သိရသည်။

Surbana သည် ရန်ကုန်မြို့မှ ရေချို ငါးပြတိုက်ကို အသစ်ပြန်လည် တည်ဆောက်ခွင့် ရသည့် ကုမ္ပဏီ တစ်ခုဖြစ်ပြီး အခြားသော လုပ်ငန်းများလည်း ရှိကြောင်း သိရသည်။

''ပဲခူးတိုင်း ဒေသကြီး တစ်ခုလုံး အတွက် ဖွံ့ဖြိုးတိုးတက် နိုင်မယ့် အလားအလာ ကောင်းတွေ ဖြစ်လာအောင် ဒီစီမံကိန်းကို ရေးဆွဲတာပါ။ ကျွန်တော်တို့မှာ ရန်ကုန်မှာတင် စီမံကိန်းတွေ အများကြီး ရှိနေပါတယ်။ မကြာမီ ဖြစ်ပေါ်လာမယ့် Polo Club Residences လည်း ရှိပါတယ်။ ကျွန်တော်တို့ အနေနဲ့က ဒီမှာ လုပ်ငန်းမျိုးစုံ မှာ ဝင်ရောက်လုပ်ဖို့ ပြင်ဆင်ထား ပါတယ်'' ဟု Mr. Gareth Wong က ပြောသည်။

ပဲခူးတွင် ၄င်းတို့ ဖော်ဆောင်မည့် i-Land Industrial Park သည် ဧက ၄ဝဝ ခန့်ရှိပြီး ယင်း စီမံကိန်း အတွင်း၌ ကုန်းတွင်း ဆိပ်ကမ်းတစ်ခု၊ စူပါမားကက် တစ်ခု၊ ဟိုတယ်၊ တည်းခိုခန်း များနှင့် စက်ရုံ၊  အလုပ်ရုံ အပါအဝင် စက်မှုဥယျာဉ် မြို့တော်တစ်ခု နှင့်အညီ ဖော်ဆောင်မည် ဖြစ်သည်။

Surbana အနေဖြင့် မြန်မာနိုင်ငံ မှ နာမည်ကြီး ရွှေတောင် လုပ်ငန်းစု၏ Junction Square ကို ပြုပြင် ထိန်းသိမ်းရေး ဝန်ဆောင်မှု လုပ်ခွင့် ရထားသော လုပ်ငန်းစု တစ်ခုဖြစ်ကြောင်း သိရသည်။

သီရိ

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...