Social Icons

Pages

Monday, December 1, 2014

ဆေးရုံ အရေးပေါ်ဌာနများတွင် အရေးပေါ်ကုသမှု ပေးနိုင်သော ဆရာဝန်နှင့် သူနာပြုများ လိုအပ်နေ



ရန်ကုန် ၊ ၁-၁၂-၂၀၁၄

ဆေးရုံများတွင် အရေးပေါ် ဌာနများ သီးသန့်ထားရှိ တော့မည် ဖြစ်သောကြောင့် အဆိုပါ ဌာနများ၌ အရေးပေါ် ပြုစုကုသမှုများ ပေးနိုင်သော ဘာသာရပ် များကို အထူးပြု လေ့လာထားသည့် ဆရာဝန်များ နှင့် သူနာပြုများ လိုအပ်လျက် ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာန မှ ထုတ်ပြန်ချက် အရ သိရသည်။

အဆိုပါ အရေးပေါ် သီးသန့် ဌာနများတွင် ထားရှိနိုင်ရန် ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ တွင် အရေးပေါ် ဆေးပညာ M.Med.Sc (Emergency Medicine) ကို ဖွင့်လှစ် သွားမည်ဖြစ်ပြီး သင်တန်း ကာလမှာ ဆရာဝန် သင်တန်း သုံးနှစ် နှင့် သူနာပြု သင်တန်း ၁၅ လ ကြာမည် ဖြစ်ကြောင်း သိရသည်။

အရေးပေါ် ဆေးပညာ M.Med.Sc (Emergency Medicine) သင်တန်းကို M.B.B.S ဘွဲ့ရထားပြီး အစိုးရဆေးရုံ များ၌ လုပ်သက်တစ်နှစ် ရှိသူ ဆရာဝန်များအား ဝင်ခွင့် စာမေးပွဲ စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ စာမေးပွဲ ဝင်ရောက် ဖြေဆိုသူများ ထဲမှ ၂၅ ဦးကို ရွေးချယ်မည် ဖြစ်ပြီး သင်တန်းမှ ပေးအပ်သော ဒီပလိုမာ သည် ခွဲစိတ် အထူးကုများအား ထပ်မံ ပေးအပ်မည့် Special Diploma ဖြစ်သောကြောင့် အတွေ့အကြုံ ရှိသော ခွဲစိတ်အထူးကု များသာ တက်ရောက် နိုင်သော သင်တန်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းများကို ယခု လက်ရှိတွင် ဆေးတက္ကသိုလ် (၁)၌ ဖွင့်လှစ်ထားပြီး ဆေးတက္ကသိုလ် (၂) နှင့် မန္တလေး ဆေးတက္ကသိုလ် တို့တွင် ဖွင့်လှစ်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။ အဆိုပါ လိုအပ်ချက် များကို မြန်မာနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန နှင့် သြစတြေးလျ နိုင်ငံရှိ ဆေးပညာဆိုင်ရာ ကောလိပ် သုံးခုတို့မှ ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ဆုလာဘ်

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...