Social Icons

Pages

Wednesday, October 8, 2014

မန္တလေးမြို့တွင် ပထမဆုံး ဘာသာပြန်မှု ကုမ္ပဏီဖွင့်လှစ်


မန္တလေး ၊ ၈-၁၀-၂၀၁၄

မန္တလေးမြို့တွင် ပထမဆုံး ဘာသာပြန် ဝန်ဆောင်မှု ပေးမည့်ရသာ (မန္တလေး) ကုမ္ပဏီ ဖွင့်လှစ်ပွဲ အခမ်းအနားကို အောက်တိုဘာ ၇ ရက် နံနက် ၁ဝ နာရီက ချမ်းအေးသာစံ မြို့နယ် အမှတ်(၁၃၈)၊ ၃၂လမ်းနှင့် ၇၃ လမ်းထောင့်တွင် ကျင်းပသည်။

အခမ်းအနားတွင် မန္တလေးတိုင်း ဒေသကြီး ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးအောင်ဝင်းခိုင် နှင့် မန္တလေးမြို့ တရုတ် ကုန်သည်ကြီးများ နှင့် လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးလောချန်းကျုံး တို့က ရသာ (မန္တလေး) ဘာသာပြန် ဝန်ဆောင်မှု ကုမ္ပဏီ ဆိုင်းဘုတ်အား ဖွင့်လှစ်ပေးသည်။

ထို့နောက် ရသာ(မန္တလေး) ဘာသာပြန် ဝန်ဆောင်မှု ကုမ္ပဏီ မန်းနေဂျင်း ဒါရိုက်တာ ဒေါ်ခင်စန်းယဉ် က ဘာသာပြန် ဝန်ဆောင်မှု ပေးမည့် အကြောင်း ရှင်းလင်း ပြောကြားသည်။ အဆိုပါ ဘာသာပြန် ဝန်ဆောင်မှု လုပ်ငန်းကို မန္တလေး မြို့တွင် ပထမဆုံး ဖွင့်လှစ်ခြင်း ဖြစ်ပြီး အဓိက စီးပွားရေး အချက်အချာ ကြသည့် မန္တလေးမြို့တွင် နိုင်ငံအသီးသီးမှ လာရောက် သောသူများနှင့် ချိတ်ဆက် လုပ်ဆောင် ရာတွင် ဘာသာစကား အခက်အခဲ မရှိစေရန် ဘာသာစကား ငါးမျိုး ဘာသာပြန် ပေးမည့် ကုမ္ပဏီ တစ်ခု ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာဘာသာမှ ဘာသာစကား ငါးမျိုးဖြစ်သည့် အင်္ဂလိပ်၊ တရုတ်၊ ဂျပန်၊ ထိုင်း၊ အိန္ဒိယ စသည် တို့ကို အပြန်အလှန် ဘာသာပြန် စာ အရေးအသား လုပ်ဆောင်ခြင်း များကို လည်း လုပ်ဆောင် ပေးမည် ဖြစ်သည်။ ဘာသာစကား ငါးမျိုးအပြင် နောက်ပိုင်းတွင် ပြင်သစ်၊ ဂျာမန်၊ ရုရှား၊ စပိန်ဘာသာ များကိုလည်း တိုးချဲ့ ဝန်ဆောင်မှု ပေးသွားမည် ဖြစ်သည်။ ထို့ပြင် ဖုန်းဖြင့် မေးမြန်း ဘာသာပြန် ပေးသည့် ဝန်ဆောင်မှု ကိုလည်း ထည့်သွင်း ထားရှိပြီး ဘာသာပြန် လိုသော စာမူများကို ပေးပို့လျှင် လည်း ပေါက်ကြားမှု မရှိစေရန် အတွက် လုံခြုံ စိတ်ချအောင် လုပ်ဆောင် ထားမည် ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...