Social Icons

Pages

Sunday, October 5, 2014

ယာဉ်အိုယာဉ်ဟောင်း အပ်နှံဖျက်သိမ်းပြီး အစားထိုးယာဉ် တင်သွင်းခြင်းတွင် " အ "အက္ခရာယာဉ် ခုနစ်ထောင်ကျော် လာရောက် အပ်နှံပြီးဖြစ်



ရန်ကုန် ၊ ၅-၁၀-၂၀၁၄

ယာဉ်အို ယာဉ်ဟောင်း အပ်နှံ ဖျက်သိမ်းပြီး အစားထိုး ယာဉ်တင် သွင်းခြင်း အစီစဉ်တွင် 'အ' အက္ခရာ မော်တော်ယာဉ် အပ်နှံခြင်းမှာ အစီးရေ ရှစ်ထောင်ကျော် ရှိသည့် အနက် ခုနစ်ထောင် ကျော် လာရောက် အပ်နှံပြီး ဖြစ်ကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ယာဉ်အို ယာဉ်ဟောင်း အပ်နှံ ဖျက်သိမ်းပြီး အစားထိုးယာဉ် တင်သွင်းခြင်း အစီအစဉ်ကို ၂ဝ၁၁ ခုနှစ်တွင် စတင် ဆောင်ရွက် ပေးခဲ့ပြီး 'အ'”အက္ခရာ ယာဉ်အပ်နှံခြင်း ကို ၂ဝ၁၃ ခုနှစ် အောက်တိုဘာ ၂၉ ရက်တွင် စတင် လက်ခံ ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“''အ'' အက္ခရာယာဉ် စုစုပေါင်း မှာ ၈၆၁၈ စီးရှိပြီး ၂ဝ၁၄ ခုနှစ် အောက်တိုဘာ ၁ ရက်အထိ အပ်နှံပြီး ယာဉ် ၇၈၃၇ စီးရှိပြီး ၇၈၁ စီးသာ အပ်နှံရန် ကျန်ရှိကြောင်း သိရသည်။ ၂ဝ၁၄ ခုနှစ် အတွင်း မှတ်ပုံတင် သက်တမ်းနှစ် ၂ဝ ကျော် လွန်မည့် '၂က' ယာဉ်များ အပ်နှံ ဆောင်ရွက်ခြင်း ကိုလည်း ကုန်းလမ်း ပို့ဆောင်ေ ရးညွှန်ကြားမှု ဦးစီးဌာန၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ရုံးများတွင် အောက်တိုဘာ ၆ ရက် နေ့တွင် စတင်လက်ခံ ဆောင်ရွက်
ပေးသွားမည် ဖြစ်ကြောင်း လည်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...