Social Icons

Pages

Sunday, October 5, 2014

မင်းတုန်းမင်းကြီး ရုပ်တုနှင့် မဖွယ်မရာ ရိုက်ကူးထားသည့် ဓာတ်ပုံများနှင့် ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဘဏ္ဍာရေးဝန်ကြီးရုံး ၌ မီဒီယာများနှင့် တွေ့ဆုံရှင်းလင်း



မန္တလေး ၊ ၅-၁၀-၂၀၁၄

လူမှုစာမျက်နှာ Facebook တွင် ပျံ့နှံ့လျက် ရှိသည့် မြနန်းစံကျော် ရွှေနန်းတော် အတွင်းရှိ မင်းတုန်းမင်း တရားကြီး ရုပ်တုနှင့် အမျိုးသမီး များ မဖွယ်မရာ ရိုက်ကူး ထားသည့် ဓာတ်ပုံများ နှင့် ပတ်သက်၍ အောက်တိုဘာ ၂ ရက် နံနက် ၁ဝ နာရီက တိုင်းဒေသကြီး အစိုးရအဖွဲ့ ဘဏ္ဍာရေး ဝန်ကြီးရုံးခန်း ၌ မီဒီယာများ နှင့် တွေ့ဆုံ ရှင်းလင်း ခဲ့သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဘဏ္ဍာရေး ဝန်ကြီး ဒေါက်တာ မြင့်ကြူ က ရှင်းလင်းရာတွင် လူမှုကွန်ရက် Facebook စာမျက်နှာတွင် ပျံ့နှံ့လျက် ရှိသော မင်းတုန်းမင်း တရားကြီး ရုပ်တုနှင့် အမျိုးသမီးငယ်များ မဖွယ်မရာ တွဲဖက်၍ ရိုက်ကူး ထားသည့် ပုံများသည် လွန်ခဲ့သည့် သုံးနှစ်ခန့်က ရိုက်ကူးကာ Facebook စာမျက်နှာတွင် တင်ထားခဲ့ ခြင်းဖြစ်သည်။ ထို့ပြင် ပုံနှင့်အတူ " တာဝန်ရှိသူတွေ ဘာလုပ်နေကြ တာလဲ" ဆိုသည့် စာများပါလာ သည့်အတွက် ပြည်သူများ သိရှိရန် ထိုသတင်းနှင့် ပတ်သက်၍ ဝန်ထမ်း များကိုလည်း စိစစ် စစ်ဆေးနေပြီ ဆိုသည်ကို သတင်းစာ များတွင်လည်း ကြေညာထားပြီး ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဆက်လက်၍ လူမှုကွန်ရက် Facebook ပေါ်တွင် တင်ထား သည့်ပုံများနှင့် ပတ်သက်၍ ဝန်ကြီးက ပြောကြားရာတွင် ''မြနန်းစံကျော် ရွှေနန်းတော်ကို အရင်က ပြည်ထောင်စု ယဉ်ကျေးမှု ဝန်ကြီးဌာန က တာဝန်ယူခဲ့ တာပါ။ မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ အနေနဲ့ ပြီးခဲ့တဲ့နှစ် ၆-၇-၂ဝ၁၃ ရက်ကစပြီး ပြည်ထောင်စု ဝန်ကြီး ဌာနကနေ လွှဲပြောင်း ပြီးတော့ တာဝန်ယူ ခဲ့တာ ဖြစ်ပါတယ်။ မြနန်းစံကျော် ရွှေနန်းတော်ကြီး ကို တာဝန်ယူ ဆောင်ရွက် ခဲ့တာ တစ်နှစ် သာသာပဲ ရှိပါသေးတယ်။ ဒီပုံတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေး တဲ့အခါ လွန်ခဲ့တဲ့ သုံးနှစ်က Facebook တင်ခဲ့တဲ့ ပုံတွေ ဖြစ်တယ် ဆိုတာတော့ သိရပါတယ်။ Facebook ပေါ်မှာ ပါလာပြီး ကတည်းက လည်း ဒီပရိဝုဏ် အတွင်း မင်းတုန်းမင်းကြီး ရဲ့ပလ္လင်ပေါ်မှာ မတက်ရ ဆိုတဲ့ ဆိုင်းဘုတ်ကို ထောင်ထားပြီး သူ့ရဲ့ ရှေ့ငါးပေ လောက်မှာလဲ မဝင်ရ ဆိုတဲ့ ဆိုင်းဘုတ် ထောင်ထားပါတယ်။ ဒါတွေကို စူပါဂလူးနဲ့ ကပ်ထား တာကြောင့် ဖြုတ်ဖို့လဲ အလွန်ခက် ပါတယ်။ ပြီးတော့ ဦးစီး အရာရှိ တစ်ယောက်၊ ဒုတိယ ဦးစီးအရာရှိ တစ်ယောက်၊ ကွန်ပျူတာ စစ်ဆေးရေးမှူး တစ်ယောက်၊ နေ့စောင့် တစ်ယောက်၊ ညစောင့် နှစ်ယောက်၊ သန့်ရှင်းရေး အလုပ် သမား နှစ်ယောက်၊ ရဲနှစ်ယောက် တို့ကို နံနက် ၇ နာရီခွဲကနေ ညနေ ၅ နာရီ အထိ တာဝန် ချထား တာကြောင့် ဒီအချိန်မှာ ဒီ ဓာတ်ပုံ ဝင်ရိုက်ဖို့ မဖြစ်နိုင် ပါဘူး။ နောက်တစ်ခုက ၅ နာရီ နောက်ပိုင်းမှာ ညစောင့် သုံးယောက် ထားပေး ထားတာ ဖြစ်ပါတယ်။ ဒီ နောက်ပိုင်းမှာ မန္တလေး ရွှေနန်းတော်ကြီး ကို လုံခြုံရေး အရဝင်ဖို့ ဆိုတာလဲ မဖြစ်နိုင် တာကြောင့် ဒီပေါ်မှာလဲ လွန်ခဲ့တဲ့ သုံးနှစ် လောက်က ပုံတွေ ဖြစ်တယ်လို့ ပြောကြား လိုပါတယ်။ ဆိုလိုတာက လွန်ခဲ့တဲ့ သုံးနှစ်က ဖေ့ဘုတ်ပေါ် တင်ပြီးသား ပုံတွေကို ပြန်လည် တင်ခြင်းသာ ဖြစ်ကြောင်း စစ်ဆေးတွေ့ ရှိ ရပါတယ် ... '' ဟု မီဒီယာများနှင့် တွေ့ဆုံစဉ် ရှင်းလင်း ပြောကြား ခဲ့ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...