Social Icons

Pages

Sunday, October 12, 2014

ဗြိတိန်ဘုရင်မကြီး က ချီးမြှင့်သည့် အမျိုးသမီး သူရဲကောင်းဘွဲ့ အိန်ဂျလီနာ ဂျိုလီရရှိ


Jolie received the honorary damehood for services to UK foreign policy and 
the campaign to end sexual violence in war zones.

လန်ဒန် ၊ ၁၂-၁၀-၂၀၁၄

ကမ္ဘာကျော် ရုပ်ရှင် သရုပ်ဆောင် တစ်ဦးဖြစ်သူ အိန်ဂျလီနာ ဂျိုလီ သည် လိင် အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်းများတွင် စွမ်းစွမ်းတမံ ပါဝင် လုပ်ဆောင်ခဲ့သည့် အတွက် ဗြိတိန် ဘုရင်မကြီး ဒုတိယမြောက် အဲလိဇဘတ် က ပေးအပ်သည့် အမျိုးသမီး သူကောင်းဘွဲ့ ကို လက်ခံ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ သူကောင်းဘွဲ့ ချီးမြှင့်ပွဲ အခမ်းအနားကို လန်ဒန်မြို့ရှိ ဘက်ကင်ဟမ် နန်းတော်တွင် အောက်တိုဘာ ၁ဝ ရက်က ကျင်းပခဲ့ခြင်း ဖြစ်သည်။

Tom Raier၊ Maleficent ဇာတ်ကားများ အပြင် ဟောလီးဝုဒ် ရုပ်ရှင်ဇာတ်လမ်း အများအပြား တွင် ပါဝင် သရုပ်ဆောင် ခဲ့သည့် ဂျိုလီ သည် လိင် အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်းစဉ် များတွင် ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဌာန နှင့် ပူးပေါင်း လုပ်ဆောင် ခဲ့သည့် အတွက် ယင်းကဲ့သို့ အမျိုးသမီး သူကောင်းဘွဲ့ ချီးမြှင့်ခံ ရခြင်း ဖြစ်သည်။

ပဋိပက္ခဇုန် များတွင် အကြမ်းဖက် တိုက်ဖျက်ရေး ဆိုင်ရာ စည်းရုံး လှုံ့ဆော်မှုများ လုပ်ဆောင်စဉ် အတွင်း ဂျိုလီ နှင့် ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဝီလီယံဟေ့ဂ် တို့နှစ်ဦးသည် ရင်းနှီးသည့် မိတ်ဆွေများ ဖြစ်ခဲ့ကြပြီး အကြမ်းဖက် တိုက်ဖျက်ရေး နှင့်ပတ်သက်၍ ၄င်းတို့ နှစ်ဦးသည် လန်ဒန်မြို့တွင် လေးရက်ကြာ ဆွေးနွေးပွဲ ကျင်းပ ခဲ့ကြောင်း သိရသည်။

#Themyawadydaily

Angelina Jolie made an honorary dame by Queen

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...