Social Icons

Pages

Friday, October 3, 2014

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆင့်ဆင့် ရွေးကောက်တင်မြှောက်ပွဲ ကျင်းပသွားမည်


ရန်ကုန် ၊ ၃-၁၀-၂၀၁၄

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ အဆင့်ဆင့် ရွေးကောက် တင်မြှောက်ပွဲ တွင် ယှဉ်ပြိုင် လိုသူများ အမည်စာရင်း တင်သွင်းနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီကို ၂ဝ၁၃ ခုနှစ် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ဥပဒေ အခန်း(၂)၊ ပုဒ်မ ၃၊ ပုဒ်မ ၈နှင့် ပုဒ်မ ၉ တို့အရ ဖွဲ့စည်းရာတွင် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီဝင် ကိုယ်စားလှယ် လေးဦး၊ ခရိုင် စည်ပင် သာယာရေး ကော်မတီ အတွက် ခရိုင် တစ်ခုလျှင် ကိုယ်စားလှယ် သုံးဦးစီ၊ မြို့နယ် စည်ပင် သာယာရေး ကော်မတီ အတွက် မြို့နယ် တစ်မြို့နယ် လျှင် ကိုယ်စားလှယ် သုံးဦးစီ တို့ကို ရွေးကောက် တင်မြှောက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်နိုင်ရန် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ အဆင့်ဆင့် ရွေးကောက် တင်မြှောက်ခြင်း ဆိုင်ရာ နည်းဥပဒေ များကို ၂ဝ၁၄ ခုနှစ် သြဂုတ် ၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ရွေးကောက် တင်မြှောက်ခြင်း ဆိုင်ရာ နည်းဥပဒေ များကို ပြင်ဆင်သည့် နည်းဥပဒေ ကိုလည်း ၂ဝ၁၄ ခုနှစ် စက်တင်ဘာ ၃ဝ ရက်တွင် ထပ်မံ ထုတ်ပြန် ခဲ့ကြောင်း သိရသည်။

အဆိုပါ ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ ရွေးချယ်နိုင်ရေး အတွက် ရန်ကုန်မြို့ မြို့တော် စည်ပင် သာယာရေး ကော်မတီ အဆင့်ဆင့် ရွေးကောက် တင်မြှောက်ပွဲကို ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ နောက်ဆုံးပတ် တွင် ကျင်းပနိုင်ရေး မြို့တော်ကော်မရှင်၊ ခရိုင်၊ မြို့နယ် ကော်မရှင် အဖွဲ့ခွဲများနှင့် ခရိုင်၊ မြို့နယ်စိစစ် ရွေးချယ်ရေး အဖွဲ့များကို စက်တင်ဘာ ၃ဝ ရက်တွင် ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း သိရသည်။

ယင်းအဖွဲ့ များ၏ အမည်စာရင်း၊ ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက် ရွေးချယ် ခံလိုသူများ အတွက် သတ်မှတ် အရည်အချင်း ပုံစံများကို သက်ဆိုင်ရာ မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ရုံးများ၊ ရပ်ကွက် နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးများ၌ ကြေညာ ထားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲ တွင် သတ်မှတ် အရည်အချင်း နှင့် ပြည့်စုံ၍ ကိုယ်စားလှယ်လောင်း အဖြစ် ပါဝင်ယှဉ်ပြိုင် လိုသော နိုင်ငံသား များသည် ရန်ကုန်မြို့ မြို့တော်ခန်းမ ၌ ဖွင့်လှစ် ထားရှိသော ရန်ကုန်မြို့တော် ကော်မရှင်ရုံး သို့ ၂ဝ၁၄ ခုနှစ် အောက်တိုဘာ ၆ ရက်မှ ၁၉ ရက်အတွင်း အမည်စာရင်း တင်သွင်း နိုင်ကြောင်း မြို့တော် ကော်မရှင် မှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။ 

ဇာနည်မောင်

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...