Social Icons

Pages

Wednesday, September 17, 2014

Miss Grand Myanmar 2014 ဆုရှင် Mဂျာဆိုင်း ကမ္ဘာ့အလှမယ် ပြိုင်ပွဲသို့ ယနေ့ သွားရောက် ယှဉ်ပြိုင်မည်



ရန်ကုန် ၊ ၁၇-၉-၂၀၁၄

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် Miss Grand International 2014 ပြိုင်ပွဲကြီးတွင် မြန်မာ့ အလှမယ် Miss Grand Myanmar 2014  ဆုရှင် M ဂျာဆိုင်း သွားရောက် ယှဉ်ပြိုင်မည် ဖြစ်ပြီး စက်တင်ဘာ ၁၇ ရက် (ယနေ့) မွန်းလွဲ ၂ နာရီတွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ ထိုင်းနိုင်ငံသို့ ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။

Miss Grand International 2014 ပြိုင်ပွဲကြီး သည် ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် စက်တင်ဘာ ၁၇ ရက်မှ အောက်တိုဘာ ၇ ရက် အထိ ကျင်းပမည် ဖြစ်ကာ မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်မည့် ကချင် တိုင်းရင်းသူလေး M ဂျာဆိုင်း အတွက် မဲပေးရာတွင် http://www.missgrandinternational.com/?page=contestant_detail&cont=163 တို့တွင် မဲပေးနိုင်ပြီး Facebook account တစ်ခုလျှင် တစ်ကြိမ်သာ ပြည်သူများ မဲပေး နိုင်ကြောင်း သိရသည်။

Miss Grand International 2014 ပြိုင်ပွဲသည် ဒုတိယ အကြိမ်မြောက် ကျင်းပခြင်း ဖြစ်ပြီး နိုင်ငံတကာမှ အလှမယ် ၁ဝဝ ခန့် ပါဝင် ယှဉ်ပြိုင် သွားမည် ဖြစ်ကြောင်း သိရသည်။

ပထမအကြိမ်တွင် မြန်မာအလှမယ် ထားထက်ထက် က Miss Popular ဆုကို ရရှိခဲ့သည်။

အိအိမြတ်

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...