Social Icons

Pages

Friday, September 26, 2014

တရုတ် - မြန်မာ နှစ်နိုင်ငံအကြား ဆန်စပါး အရည်အသွေးပိုင်း နှင့် လယ်ယာသီးနှံ ဈေးကွက် ရရှိရေး သဘောတူ စာချုပ်များချုပ်ဆို


ရန်ကုန် ၊ ၂၆-၉-၂၀၁၄

တရုတ် - မြန်မာ နှစ်နိုင်ငံအကြား တရားဝင် လမ်းကြောင်းမှ ဆန်တင်ပို့ နိုင်ရေး ဆန်စပါး အရည်အသွေးပိုင်း နှင့် စစ်ဆေးရေးပိုင်း ဆိုင်ရာစာချုပ် ( AQSIQ ) ၊ လယ်ယာကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေး နှင့် လယ်ယာသီးနှံ ဈေးကွက်ရရှိရေး သဘောတူ စာချုပ် ကို စက်တင်ဘာ ၂၄ ရက်က လက်မှတ် ရေးထိုး ခဲ့ကြကြောင်း သိရသည်။

ထိုသို့ AQSIQ အတွက် လက်မှတ်ထိုး နိုင်ပြီ ဖြစ်သော်လည်း မြန်မာ့ဆန် တရားဝင် တင်ပို့မှုကို တရုတ် အစိုးရက အလျင်အမြန် လက်ခံဦးမည် မဟုတ်သေးဘဲ ဒုတိယအဆင့် အနေဖြင့် အစိုးရချင်း လက်မှတ်ထိုးသည့် အဆင့်ကို ဖြတ်သန်း ရဦးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ၊ ရောင်းဝယ်ရေး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ လက်မှတ် ရေးထိုးပွဲတွင် တရုတ်နိုင်ငံ အနေဖြင့် နယ်စပ် ကုန်သွယ်ရေးကို ဦးစားပေးမည် ဖြစ်ပြီး ယူနန်ပြည်နယ် ဈေးကွက်ကို မြန်မာ့ ပို့ကုန်ဈေးကွက် အဖြစ် မှတ်ယူကြောင်း သိရသည်။

''ယူနန်ပြည်နယ် က ကုန်းတွင်းပိတ် ပြည်နယ် ဖြစ်တဲ့ အတွက်ကြောင့် တခြားနေရာက သင်္ဘောတင်ရင် ဈေးပိုကြီး ပါတယ်။ ကျွန်တော်တို့ရဲ့ မူဆယ် လမ်းကြောင်းကို သုံးခြင်း အားဖြင့် သူတို့အတွက် ပိုအကျိုး ရှိမှာပါ။ အဲဒီတော့ ဒီလမ်းကြောင်း မှ ဆက်ပြီးတော့ ဝယ်ယူဖို့ အတွက် သဘောတူညီ တဲ့ သဘောပါပဲ'' ဟု မြန်မာနိုင်ငံ ဆန်စပါး အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ AQSIQ _ Administration of Quality Supervision Inpection and Quarantine သည် တရုတ်နိုင်ငံ၏ ကုန်ပစ္စည်း အရည်အသွေး ထိန်းချုပ်ရေး၊ စစ်ဆေးရေး နှင့် ပိုးမွှား ကင်းစင်ရေး တို့၏ အထွေထွေ အုပ်ချုပ်မှု အာဏာပိုင် အဖွဲ့ဖြစ်ပြီး အဆိုပါ အဖွဲ့က တင်သွင်းကုန် တွေအပေါ် အရည်အသွေး ချမှတ် ခွင့်ပြုခြင်း ဖြစ်ကြောင်း သိရသည်။ 

အိအိအောင်

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...