Social Icons

Pages

Wednesday, October 1, 2014

ကိုရီးယားပန်းသီး (ခေါ်) ချယ်ရီပန်းသီးများ ဝင်ရောက်လာခြင်းကြောင့် မူလပန်းသီးများ အရောင်းကျ


မန္တလေး ၊ ၁-၁၀-၂၀၁၄

သစ်သီး ဈေးကွက်တွင်းသို့ ထိုင်းနိုင်ငံ မြဝတီနယ်စပ် နှင့် တရုတ်နိုင်ငံ မှ ကိုရီးယား ပန်းသီးခေါ် ချယ်ရီပန်းသီးများ ဝင်ရောက် လာသောကြောင့် မူလရှိရင်းစွဲ ပန်းသီးမျိုးများ အရောင်း အနည်းငယ် ကျဆင်း သွားသည်ဟု သစ်သီးဈေးကွက် မှ သိရသည်။

ကိုရီးယား ပန်းသီးများမှာ သာမန်ပန်းသီး အရွယ်အစား၏ သုံးပုံတစ်ပုံ မျှသာရှိပြီး ဆီးပန်းသီး အရွယ်ခန့်သာ ရှိ၍ အမြင်ဆန်းပြီး လတ်တလော သစ်သီးဈေးကွက် တွင် လူကြိုက်များလျက် ရှိကြောင်း သိရသည်။ အရွယ်အစား သေးငယ် သော်လည်း ရနံ့မွှေး၍ အရသာမှာလည်း ပို၍ ထူးကဲကြောင်း သိရသည်။ ရောင်းဈေးမှာ ၂၅ ကျပ်သားငွေကျပ် ၂ဝဝဝ ဖြစ်ပြီး ဝယ်သူ့ စိတ်ကြိုက် ပမာဏကို လိုက်၍ ဈေးနှုန်း ကွာခြားမှု ရှိကြောင်း သိရသည်။

''ကိုရီးယား ပန်းသီးတွေ လူကြိုက်များ နေတော့ ရိုးရိုးပန်းသီး ရောင်းအားက သုံးပုံတစ်ပုံ လောက် လျော့သွားတယ်။ နယ်တွေကလဲ အမြင်ဆန်းပြီး အရသာ ကောင်းတော့ မှာယူမှုတွေ များတယ်'' ဟု သစ်သီး ကုန်သည် တစ်ဦးက ဆိုသည်။

မန္တလေးဈေးကွက် အတွင်း၌ ယခု လပိုင်းအတွင်း နယ်စုံမှ သစ်သီးမျိုးစုံ ဝင်ရောက်လျက် ရှိပြီး နယ်စပ် ဒေသများ မှလည်း သစ်သီး အမျိုးအစား ဆန်းများ ဝင်ရောက်နေ ကြောင်း သိရသည်။ မကြာမီတွင် လိမ္မော်သီးများ ထွက်ရှိ လာတော့မည် ဖြစ်ပြီး တရုတ် နယ်စပ် နှင့် ထိုင်းနယ်စပ် ဂိတ်များမှ လိမ္မော်သီး မျိုးစိတ်များ နှစ်စဉ် ဝင်ရောက်လေ့ ရှိကြောင်းလည်း သိရှိရသည်။ (၃၃၁)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...