Social Icons

Pages

Wednesday, September 17, 2014

မြေကျင်းတူးရာမှ လက်နက် ခဲယမ်းများ တွေ့ရှိ



နေပြည်တော် ၊ ၁၇-၉-၂၀၁၄

ကချင်ပြည်နယ် ဖားကန့်မြို့နယ် မော်ဝမ်း ရပ်ကွက် အုပ်စု(၂) ရတနာ မြေစာပုံကျေးရွာနေ ဦးစံထွန်းလှ ၃၁နှစ် (ဘ) ဦးအောင်ဇံဝေ သည် စက်တင်ဘာ ၁၄ရက် ညနေ ၆ နာရီခန့်က ၄င်း၏ နေအိမ် အလယ်တိုင်အား ပြင်ဆင်ရန် မြေကျင်းတူးစဉ် မြေကြီး အနက် ၆ လက်မခန့် အရောက်၌ ပလတ်စတစ် လက်ဆွဲအိတ် အတွင်း အနက်ရောင် ကြွပ်ကြွပ် အိတ်ဖြင့် ထုပ်ထားသောသံချေးတက် နေသည့် M-20 အမျိုး အစားပစ္စတို တစ်လက်၊  ၄င်းကျည်အိမ် တစ်ခု၊ကျည် ခုနစ်တောင့်၊ Remote Control အဟောင်း သုံးခု နှင့် ဓာတ်ခဲခြောက် အဟောင်း ငါးလုံး တို့အား တွေ့ရှိခဲ့သည်။

အဆိုပါ တွေ့ရှိရသောလက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်း များအား တာဝန်ရှိ သူများထံသို့ စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သိရှိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...