Social Icons

Pages

Tuesday, September 2, 2014

ဟန်လင်း ပျူယဉ်ကျေးမှု မြို့ဟောင်းရှိ သဘာဝ ရေပူစမ်းသည် နာတာရှည်ရောဂါ များကို ပျောက်ကင်းစေနိုင်



ဟန်လင်း ပျူယဉ်ကျေးမှု မြို့ဟောင်းရှိ သဘာဝ ရေပူစမ်းတွင်း တစ်တွင်းကို တွေ့ရစဉ်

စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ် ၏ အရှေ့မြောက် ဘက်ရှိ ဟန်လင်း ပျူယဉ်ကျေးမှု မြို့ဟောင်းရှိ သဘာဝ ရေပူစမ်း ရေကို ချိုးခြင်းဖြင့် နာတာရှည် ရောဂါများ ပျောက်ကင်း စေနိုင်ကြောင်း ဟန်လင်း မြို့ဟောင်း ဒေသခံများ၏ ပြောပြချက် အရ သိရသည်။

''ရွာမှာက နာတာရှည် ရောဂါနဲ့ ပတ်သက်ပြီး ဆေးထိုး ဆေးစား ပြုလုပ်ရတဲ့သူ မရှိသလောက် ပါပဲ။ ဘာကြောင့်လဲ ဆိုတော့ အဲဒီ ရေပူစမ်းမှာ နေ့စဉ်အမြဲ ချိုးနေကြလို့ ဖြစ်ပါတယ် ... '' ဟု ဟန်လင်း မြို့ဟောင်း၌ နေထိုင်သူ ဦးမောင်ဆန်းက ပြောသည်။

ဟန်လင်း မြို့ဟောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး ၏ မြောက်ဘက်ရှိ သဘာဝ ရေပူစမ်း တွင်းများသည် လွန်ခဲ့သော နှစ်ပေါင်း များစွာက တည်ရှိခဲ့ပြီး တစ်တွင်းနှင့် တစ်တွင်းမှာ ပေအနည်းငယ် မျှသာ ကွာဝေးသည်။ သို့သော် ရေပူစမ်းတွင်း သုံးတွင်း ရှိသည့် အနက် ထွက်ရှိလာသော ရေအနေ အထားမှာ ကွဲပြား ခြားနားလျက် ရှိကြောင်း သိရသည်။

ပထမ ရေပူစမ်းတွင်းမှ ထွက်ရှိ လာသော ရေသည် အလွန်အမင်း ပူသည်။ အဆိုပါ ရေဖြင့် ကြက်ဥများ ပြုတ်ထားလျှင် ကျက်နိုင်သည်ဟု သိရသည်။

ဒုတိယ ရေပူစမ်းတွင်းမှာ မပူမအေး ဖြစ်သည်။ တတိယ တွင်းမှာ ရေအေးများ ကိုသာလျှင် ထွက်ရှိသည်။ အဆိုပါ ရေပူစမ်း များမှာ ဟန်လင်း မြို့ဟောင်း၏ ရာဇဝင် တွင် တခမ်းတနား ဖော်ပြထားသော အံ့ဖွယ် ကိုးပါးအနက် တစ်ပါး အပါအဝင် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေပူစမ်းများနှင့် ပတ်သက်၍ ၁၉၁ဝ ပြည့်နှစ်က Major V.P.O Gorman Laylor က လာရောက် လေ့လာ ခဲ့ရာတွင် သုတေသနပြု စမ်းသပ်ချက်များ အရ ရေပူစမ်း များမှ ထွက်ရှိသော ရေများသည် အယ်လ်ကာလိုင်း၊ ဆာလဖိတ် ဓာတ်များ ပါဝင်နေ သောကြောင့် နာတာရှည် ရောဂါများ၊ ဆီးရောဂါ ဝေဒနာများ၊ ခါးနာ၊ ပေါင်နာ၊ အဆစ် အမျက် အကြောအခြင် ရောင်ရမ်း ကိုက်ခဲ ခြင်းများကို ပျောက်ကင်း စေနိုင်ကြောင်း ၄င်း၏ အစီရင်ခံစာ မှတ်တမ်းများတွင် ဖော်ပြ ထားကြောင်း သိရသည်။

အဆိုပါ ရေပူစမ်း များသို့ ၀ါတွင်းကာလ ရုံးပိတ်ရက် များနှင့် အခြား အားလပ်ရပ် များတွင် အခြား မြို့ကြီးများမှ တကူးတက လာရောက်ကာ ကျန်းမာရေး အရ ရေပူစမ်း ရေများ ချိုးလေ့ ရှိကြောင်း သိရှိရသည်။ (၄၅၁)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...