Social Icons

Pages

Monday, September 22, 2014

" ဖွံ့ဖြိုးစည်ပင် ပြင်ဦးလွင် ပျော်ရွှင်ဆင်နွှဲ တန်ဆောင်တိုင်ပွဲ " ရောင်စုံဓာတ်ပုံပြိုင်ပွဲ ကျင်းပမည်



မန္တလေး ၊ ၂၂-၉-၂၀၁၄

ပြင်ဦးလွင် မြို့တွင် နှစ်စဉ်ကျင်းပ ပြုလုပ်သော တန်ဆောင်တိုင် မီးပုံးပျံ ပွဲတော်ကြီးကို ယခုနှစ် တွင်လည်း ယခင်နှစ်များ နည်းတူ စည်ကား သိုက်မြိုက်စွာ ကျင်းပပြု လုပ်မည် ဖြစ်ရာ ''ဖွံ့ဖြိုးစည်ပင် ပြင်ဦးလွင်၊ ပျော်ရွှင်ဆင်နွှဲ တန်ဆောင်တိုင်ပွဲ'' ခေါင်းစဉ်ဖြင့် ရောင်စုံဓာတ်ပုံ ပြိုင်ပွဲ ထည့်သွင်း ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။

ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံ ပွဲတော်ကို ၂ဝဝ၅ ခုနှစ်မှစတင် ကျင်းပခဲ့ရာ ရောင်စုံ ဓာတ်ပုံပြိုင်ပွဲ ကို ၂ဝဝ၇ ခုနှစ်တွင် စတင်၍ ထည့်သွင်း ယှဉ်ပြိုင်စေခဲ့ပြီး ဓာတ်ပုံပေါင်း ၁ဝဝ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ကြသည်။ ၂ဝ၁၃ ခုနှစ်က သတ္တမ အကြိမ်မြောက် အဖြစ် နေ့အလှ ဓာတ်ပုံပေါင်း ၃ဝဝ ကျော်၊ ညအလှ ဓာတ်ပုံပေါင်း ၁ဝဝဝ ကျော် ဝင်ရောက် ယှဉ်ပြိုင်ကြ ပြီး မြန်မာနိုင်ငံ၏ ပြိုင်ပွဲဝင် ဓာတ်ပုံဦးရေ အများဆုံး ပြိုင်ပွဲကြီး အဖြစ် စံချိန်တင် ခဲ့ကြောင်း သိရသည်။

ယခု ၂ဝ၁၄ခု နှစ်တွင်လည်း နေ့အလှ၊ ညအလှ နှင့် တန်ဆောင်တိုင် ပွဲတော် ဓာတ်ပုံများကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ပြုမည်ဖြစ်ရာ နေ့အလှ ရောင်စုံဓာတ်ပုံ ပထမဆု ကို ငွေကျပ် သုံးသိန်း၊ ညအလှ ရောင်ဓာတ်ပုံ ပထမဆု ကို ငွေကျပ် ၁ဝသိန်း ဆု ချီးမြှင့် သွားမည်ဖြစ်ပြီး စုစုပေါင်း ငွေကျပ် ၃၅ သိန်းကို ရောင်စုံဓာတ်ပုံ ပြိုင်ပွဲအတွက် ဆုချီးမြှင့် သွားမည် ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲဝင် လိုသူများသည် လိုင်စင်ဓာတ်ပုံ နှစ်ပုံ၊ ဝင်ကြေး ၂ဝဝဝ ကျပ်ဖြင့် ပြိုင်ပွဲ ကျင်းပရေး ကော်မတီသို့ ဆက်သွယ်၍ ပြိုင်ပွဲဝင်ကတ် များကိုပွဲတော် ကျင်းပမည့်နေ့ မတိုင်မီ ကြိုတင် စာရင်းပေးသွင်း ထုတ်ယူ နိုင်ကြောင်း သိရှိရသည်။

သက်နိုင်(ပြင်ဦးလွင်)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...