Social Icons

Pages

Friday, June 27, 2014

ပုဂံဒေသရှိ ရှေးဟောင်းအမွေအနှစ်များစာရင်း ပြန်လည်ကောက်ယူ



ရန်ကုန် ၊ ၂၇-၆-၂၀၁၄

မြန်မာနိုင်ငံ၏ ရှေးဟောင်း အမွေအနှစ်များ တည်ရှိရာ နိုင်ငံတကာ ခရီးသွားများ အထူး စိတ်ဝင်တစား သွားရောက် လေ့လာမှု ရှိသည့် ပုဂံဒေသရှိ ရှေးဟောင်း ဘုရား ၊ စေတီပုထိုး နှင့် ရှေးဟောင်း အမွေအနှစ် အဆောက်အအုံ တို့ကို စာရင်းဇယား အတိအကျ သိရှိနိုင်ရန် စတင် ကောက်ယူလျက် ရှိကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ အမျိုးသား စီမံကိန်း မှ သိရသည်။

" ပုဂံဒေသဟာ ဘုရား ၊ စေတီပုထိုး နဲ့ ရှေးဟောင်း အမွေအနှစ် အဆောက်အအုံ စာရင်းကို နောက်ဆုံး အခြေအနေ စာရင်းပြုစုဖို့ ပုဂံပြတိုက် မှာ စည်းဝေး ညှိနှိုင်းပြီး စာရင်း ကောက်ယူမှုကို ယူနက်စကို နဲ့ ယဉ်ကျေးမှု ၀န်ကြီးဌာန ရှေးဟောင်း သုတေသန ဌာနတို့ ပူးပေါင်းပြီး ယူနက်စကို က လိုအပ်တာကို ကူညီ ပံ့ပိုး ပေးမှာပါ ၊ အခု ဇွန်လထဲမှာ စာရင်း စတင် ကောက်ယူ နေပါပြီ ...  " ဟု မြန်မာနိုင်ငံ ဆိုင်ရာ အမျိုးသား စီမံကိန်း အရာရှိ ( ယူနက်စကို ) မှ ဒေါ်ဥမ္မာမျိုး က ရှင်းပြ ခဲ့သည်။

ပုဂံဒေသရှိ ဘုရား ၊ စေတီပုထိုး နှင့် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် အဆောက်အအုံ များနှင့် ပတ်သက်၍ စာရင်းဇယား ဖြင့် မှတ်တမ်း ပြုစုခြင်းကို လွန်ခဲ့သော နှစ်ပေါင်း ၂၀ ၀န်းကျင်က လုပ်ဆောင်ခဲ့ရာ ယခု ၂၀၁၄ ခုနှစ်တွင် ကောက်ယူမှုသည် ဒုတိယ အကြိမ်မြောက် ဖြစ်သည်။ ထိုသို့ စာရင်း ကောက်ယူရာတွင် ခေတ်တစ်ခုချင်းစီ အလိုက် ဘုရား ၊ စေတီပုထိုး ၊ အဆောက်အအုံ ၊ ရေတွင်း ၊ ရေကန် စသည်ဖြင့် ရှေးဟောင်း အမွေအနှစ် များကို သေချာစွာ မှတ်တမ်းပြုစု သွားမည် ဖြစ်ကြောင်း သိရသည်။

ယခုအခါ ပုဂံယဉ်ကျေးမှု ဒေသ၌ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ပစ္စည်း တူးဖော်တွေ့ရှိမှု များသည် တိုးမြင့် လာသည့် အတွက် နောက်ဆုံး အခြေအနေ စာရင်းဖြင့် မှတ်တမ်းတင် နိုင်ရန် လုပ်ဆောင် ကြခြင်း ဖြစ်ကြောင်း သိရှိရသည်။

ယောသူလေး

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...