Social Icons

Pages

Monday, June 16, 2014

တပ်မတော် နည်လှည့်အထူးကုဆေးအဖွဲ့ မကွေးတိုင်း ဒေသကြီးသို့ ထွက်ခွာ


မကွေးတိုင်းဒေသကြီး အတွင်းရှိ ဒေသခံပြည်သူများအား
ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်
တပ်မတော်နယ်လှည့် အထူးကုအဖွဲ့ နေပြည်တော်မှ ထွက်ခွာစဉ်

နေပြည်တော် ၊ ၁၆-၆-၂၀၁၄

နေပြည်တော်ရှိ တပ်မတော် ဆေးရုံများမှ ပါရဂူများ ဦးဆောင်သော တပ်မတော် နယ်လှည့် အထူးကု ဆေးအဖွဲ့သည် မကွေးတိုင်း ဒေသကြီး အတွင်းရှိ သွားလာရေး ခက်ခဲသော ကျေးရွာများမှ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရန် နေပြည်တော် မှ ယမန်နေ့ နံနက် ၆ နာရီခွဲတွင် မော်တော်ယာဉ် များဖြင့် ထွက်ခွာ သွားကြောင်း သိရသည်။

အဆိုပါ တပ်မတော် နယ်လှည့် အထူးကု ဆေးအဖွဲ့တွင် ကျန်းမာရေး ပါရဂူ ဒုတိယ ဗိုလ်မှူးကြီး ဇော်မျိုးဟန် ဦးစီး၍ ခွဲစိတ် ပါရဂူများ ၊ မျက်စိ ပါရဂူများ ၊ ကလေး ပါရဂူများ ၊ အရိုး ပါရဂူများ ၊ သားဖွား မီးယပ် ပါရဂူများ ၊ နား နှာခေါင်း လည်ချောင်း ပါရဂူများ ၊ ရောဂါဗေဒ ပါရဂူများ ၊ ဓာတ်မှန် ပါရဂူများ ၊ မေ့ဆေး ပါရဂူများ ၊ သွားဆရာဝန်များ ၊ သူနာပြု အရာရျိများ ၊ အထက်တန်း သူနာပြုများ နှင့် သူနာပြု စစ်သည်များ လိုက်ပါ သွားကြပြီး ရွှေ့ပြောင်း ခွဲစိတ် ကုသယာဉ် ၊ ရွှေ့ပြောင်း ဓာတ်မှန် ရိုက်ကူးရေးယာဉ် ၊ အောင်ဆီဂျင် ထုတ်လုပ်သည့် စက်များ ၊ ဆေးဝါးမျိုးစုံ နှင့် အထောက် အကူပြုယာဉ် များလည်း ပါဝင်ကြောင်း သိရှိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...