Social Icons

Pages

Friday, June 27, 2014

မြန်မာနိုင်ငံ သဘာဝအခြေခံ ခရီးသွား တိုးတက်ရေး သဘာဝအခြေခံ ခရီးသွားဒေသ ၂၀ ကျော်သတ်မှတ်


ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်သို့ လာရောက်လေ့လာကြသော
 နိုင်ငံခြားသား ခရီးသွားများကို တွေ့ရစဉ်

ရန်ကုန် ၊ ၂၇-၆-၂၀၁၄

မြန်မာနိုင်ငံ အတွင်း သဘာဝ အခြေခံ ခရီးသွားလုပ်ငန်း တိုးတက် ဖွံ့ဖြိုးရေး အတွက် သဘာဝ အခြေခံ ခရီးသွားဒေသ ၂၀ ကျော် အထိ သတ်မှတ် ထားကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ ဒေသများအနက် ခရီးသွား အများစု စိတ်ဝင်တစား သွားရောက်သော ခါကာဘိုရာဇီ အမျိုးသား ဥယျဉ် ၊ ဟူးကောင်း ချိုင့်ဝှမ်း ဘေးမဲ့တော ၊ ပုပ္ပားတောင် ဥယျာဉ် ၊ အလောင်းတော် ကဿပ အမျိုးသား ဥယျာဉ် ၊ လန်ပိကျွန်း အဏ္ဏ၀ါ အမျိုးသား ဥယျာဉ် နှင့် ဇွဲကပင်တောင် ဒေသများလည်း ပါဝင်ကြောင်း ၊ ပုပ္ပားတောင် ဥယျာဉ်မှ လွဲ၍ ကျန် သဘာဝ အခြေခံ ဒေသများမှာ မိုးရာသီ ကာလအတွင်း သွားရောက်မှု နည်းပါးလေ့ ရှိကြောင်း နှင့် ယင်းအတွက် မိုးရာသီ ကာလများ တွင်လည်း တိုးတက်မှု ရှိလာစေရေး အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ယခု အချိန်တွင် ဟိုတယ် နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန အနေဖြင့် ၂၀၁၃ - ၂၀၂၀ ပြည့်နှစ် ခရီးသွား လုပ်ငန်းဆိုင်ရာ အကောင် အထည်ဖော် ဆောင်ရွက်ရေး စီမံကိန်းကို အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင် ပေးလျက် ရှိကြောင်း ၊ အလားတူ သဘာဝ အခြေခံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး အတွက် စီမံ အုပ်ချုပ်မှု နှင့် မဟာဗျူဟာများ ရေးဆွဲရာတွင် ပြည်သူလူထု ၏ အကျိုးစီးပွား ဖွံ့ဖြိုး တိုးတက်ရန် လိုအပ်သည့် စည်းမျဉ်း ၊ စည်းကမ်း များကို ICIMOD နီပေါနိုင်ငံ အခြေစိုက် အပြည်ပြည် ဆိုင်ရာ တောင်တန်းဒေသ ဖွံ့ဖြိုးရေး အဖွဲ့မှ နည်းပညာများ ကူညီမည် ဖြစ်ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံ အတွင်းသို့ ပြည်ပ ခရီးသွား ၀င်ရောက်မှုများ အနက် အာရှ နိုင်ငံများမှ ၇၀ ရာခိုင်နှုန်းခန့် ရှိပြီး ဥရောပ ၊ အမေရိက ၊ အာဖရိက ၊ အရှေ့ အလယ်ပိုင်း နှင့် သမုဒ္ဒရာ ပိုင်းများမှ လူမျိုးများလည်း ၀င်ရောက်မှု မြင့်တက်လျက် ရှိနေကြောင်း နှင့် ယခုနှစ် မေလအထိ ပြည်ပ ခရီးသွား ၀င်ရောက်မှုမှာ ၁ ဒသမ ၂ သန်းအထိ ရှိကြောင်း သိရှိရသည်။

စိုးမိုး

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...