Social Icons

Pages

Monday, December 9, 2013

ဖိလစ်ပိုင်နိုင်ငံ တွင် စစ်သွေးကြွအဖွဲ့က ဖမ်းဆီးခေါ်ဆောင် ထားသည့် ဓားစာခံ ၁၇ ဦးရှိနေသေးဟု စစ်ဘက်က ပြောကြား



မနီလာ ၊ ၉-၁၂-၂၀၁၃

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းရှိ အယ်ကိုင်ဒါ စစ်သွေးကြွ များနှင့် ဆက်စပ်လျက် ရှိသည့် အဘူဆေရက်ဖ် အဖွဲ့၏ ဖမ်းဆီးခြင်း ခံထားရသည့် ဂျော်ဒန် နိုင်ငံသား တစ်ဦးသည် အဆိုပါ လက်နက်ကိုင် အဖွဲ့က ထွက်ပြေး လွတ်မြောက် လာပြီးနောက် ယင်း အဖွဲ့အတွင်း၌ နိုင်ငံခြားသား များ အပါအဝင် ဖမ်းဆီးခံ ထားရသူ ၁၇ ဦးရှိနေ သေးကြောင်း စစ်ဘက် အာဏာပိုင် များက ယမန်နေ့တွင် ပြောကြား ခဲ့သည်။

အက်ယာနီ အမည်ရှိ အဆိုပါ ဂျော်ဒန် နိုင်ငံသားသည် စစ်သွေးကြွ များ၏ လက်အောက်၌ ၁၈ လကြာ ဖမ်းဆီး ခံထားရပြီး နောက် ထွက်ပြေး လွတ်မြောက် ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ဖိလစ်ပိုင် အစိုးရ တပ်ဖွဲ့က အဆိုပါဓားစာခံ ၁၇ ဦးကို ကယ်ဆယ် နိုင်ရန် ကြိုးပမ်းလျက် ရှိသည်။

အက်ယာနီ သည် ၂ဝ၁၂ ခုနှစ် ဇွန်လအတွင်း က ဖမ်းဆီးခံ ရခြင်းဖြစ်ပြီး စစ်သွေးကြွ များ၏ ဖမ်းဆီးခံ ထားရသည့် ဓားစာခံများတွင် နယ်သာလန် နိုင်ငံသား အယ်လ်ဝိုဟွန်း နှင့် ဆွစ်ဇာလန် နိုင်ငံမှ လော်ရန်ဇို ဗင်ဆင့်ဂူးယား တို့ ပါဝင်ကြောင်း သိရသည်။

၎င်းတို့သည် ၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီလ အတွင်းက စစ်သွေးကြွ များ၏ ဖမ်းဆီးမှုကို ခံခဲ့ရခြင်း ဖြစ်သည်။ ဖိလစ်ပိုင် စစ်ဘက်သည် ထောက်လှမ်းရေး သတင်းများ အပေါ် အခြေခံ၍ စစ်သွေးကြွ များကို လိုက်လံရှာ ဖွေလျက်ရှိပြီး အကျအဆုံး နည်းနိုင်သမျှ နည်းပါး စေရန် လုပ်ဆောင် လျက်ရှိသည်။

အဘူဆေရက်ဖ် အဖွဲ့သည် အင်အား ၃၈ဝ ဦး ခန့်သာရှိပြီး ၄င်းအဖွဲ့ကို ၁၉၉ဝ ပြည့်နှစ်များ အတွင်းက ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး အဆိုပါ အစ္စလာမ် စစ်သွေးကြွ အဖွဲ့သည် နိုင်ငံတောင်ပိုင်း တွင် ဗုံးခွဲ တိုက်ခိုက်ခြင်း ၊ သတ်ဖြတ်ခြင်း နှင့် ငွေကြေး အတွက် ပြန်ပေးဆွဲခြင်း များကို လုပ်ဆောင်လျက် ရှိကြောင်း သိရှိရသည်။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...