Social Icons

Pages

Sunday, December 8, 2013

အမေရိကန် စစ်မှုထမ်းဟောင်း မာရီးလ်နယူမန်းကို မြောက်ကိုရီးယား အစိုးရက ပြန်လွှတ်ပေးခဲ့


ပြုံယမ်း ၊ ၈-၁၂-၂၀၁၃

အမေရိကန် စစ်မှုထမ်းဟောင်း မာရီးလ်နယူမန်း ကို မြောက်ကိုရီးယား အစိုးရက နိုဝင်ဘာ ၆ ရက်တွင် ပြန်လွှတ်ပေး လိုက်ပြီ ဖြစ်ကြောင်း ဆင်ဟွာ သတင်းဌာန က ဖော်ပြသည်။

အသက် ၈၅ နှစ်ရှိ မာရီးလ်နယူမန်း သည် ကိုရီးယားစစ်ပွဲ တွင် ပါဝင် ဆင်နွှဲခဲ့သူ ဖြစ်ပြီး ၄င်း သွားရောက် ခဲ့ဖူးသော နေရာများသို့ အလည်အပတ် သွားရာတွင် မြောက်ကိုရီးယား နိုင်ငံ သို့ ရောက်ရှိ ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ရောက်ရှိစဉ် မြောက်ကိုရီးယား ထောက်လှမ်းရေး များက ၄င်း နောက်သို့ လိုက်ပါ စောင့်ကြည့် ခဲ့ရာ ၁ဝ ရက် အကြာ ခရီးစဉ် အပြီး ဌာနေသို့ ပြန်ရန် လေယာဉ်ပေါ် အတက်တွင် ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာနမှ ပြောခွင့် ရသူက ဆိုသည်။

အောက်တိုဘာ ၂၆ ရက်က ထိန်းသိမ်းခံ ခဲ့ရသော မာရီးလ်နယူမန်း ကို မြောက်ကိုရီးယား အစိုးရ တရားရုံးက ၄င်း ကျူးလွန် ခဲ့သည့် စစ်ရာဇဝတ်မှု များနှင့် ပတ်သက်၍ ကြားနာ စစ်ဆေးရာတွင် ၄င်းက အပြစ်ရှိကြောင်း ဝန်ခံ ထွက်ဆို ခဲ့သည်။ ၄င်းသည် မြောက်ကိုရီးယား မှ တရုတ်နိုင်ငံ ၊ ထိုမှတစ်ဆင့် အမေရိကန် ပြည်ထောင်စု သို့ ဆက်လက် သွားရောက်မည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...