Social Icons

Pages

Tuesday, November 12, 2013

ဥရောပအာကာသ အေဂျင်စီပိုင် Goce ဂြိုဟ်တု ကမ္ဘာမြေသို့ ပျက်ကျ



နယူးယောက် ၊ ၁၂-၁၁-၂၀၁၃

နိုဝင်ဘာ အစောပိုင်းတွင် ကမ္ဘာမြေကို ချဉ်းကပ်လျက် ရှိသော Goce ဂြိုဟ်တုသည် ယမန်နေ့ နံနက်ပိုင်း တွင် ပစိဖိတ် သမုဒ္ဒရာ အတွင်းသို့ ပျက်ချက် ခဲ့ကြောင်း Foxnews အင်တာနက် စာမျက်နှာ တွင် ဖော်ပြ ထားသည်။

ဥရောပ အာကာသ အေဂျင်စီ ESA ၏ ဂြိုဟ်တု Goce သည် လည်ပတ်အား လျော့နည်းကာ ကမ္ဘာမြေ ပေါ်သို့ ပျက်ကျ ခဲ့ခြင်း ဖြစ်သည်။ အစောပိုင်း တွက်ချက်မှု များအရ တစ်ခုလျှင် ပေါင် ၂၀၀ ခန့် အလေးချိန် ရှိနိုင်သည့် ဂြိုဟ်တု အပိုင်းအစ ၃၀ ခန့် အာရှ အရှေ့ပိုင်း နှင့် ပစိဖိတ် အနောက်ပိုင်း တွင် ကျရောက် လိမ့်မည်ဟု ယုံကြည် ထားကြသော်လည်း ဂြိုဟ်တု က ကမ္ဘာ့ လေထုထဲသို့ ၀င်ရောက် သောအခါ မီးလောင်ကျွမ်း ခဲ့သောကြောင့် ကမ္ဘာမြေ ပေါ်သို့ မည်သည့် အစိတ်အပိုင်း မှ မရောက်ရှိ ခဲ့ကြောင်း သိရသည်။


Goce ကို ကမ္ဘာ့ ဆွဲအား ပြောင်းလဲမှု ကို စောင့်ကြည့် လေ့လာရန် ၂၀၀၉ ခုနှစ် မတ်လ က ဂျာမဏီနိုင်ငံ က လွှတ်တင် ခဲ့ခြင်း ဖြစ်ပြီး စတင် လွှတ်တင် ကတည်းက ပင် ပတ်အား လျော့ကာ ပြန်ကျနိုင်ဖွယ် ရှိသည် ကို သိရှိ ခဲ့သည်ဟု သိရှိရသည်။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...