ရီယိုဒီဂျာနဲရိုး ၊ ၆-၁၁-၂၀၁၃
ဘရာဇီး လေတပ်ဖွဲ့( FAB ) က ဦးဆောင်၍ ကနေဒါ ၊ ချီလီ ၊ ကိုလံဘီယာ ၊ အီကွေဒေါ ၊ အမေရိကန် ၊ ဥရုဂွေး ၊ ဗင်နီဇွဲလား နိုင်ငံတို့မှ လေတပ်များ ပူးပေါင်း ပါဝင်သည့် Cruzex 2013 အမည်ရှိ နိုင်ငံတကာ ပူးတွဲ စစ်ရေး လေ့ကျင့်ခန်း တစ်ရပ်ကို နိုဝင်ဘာ ၄ ရက်တွင် ဘရာဇီးနိုင်ငံ အရှေ့မြောက် ဘက်ရှိ လေတပ် အခြေစိုက် စခန်း ၂ ခု၌ စတင်ပြုလုပ် ခဲ့ကြောင်း နိုဝင်ဘာ ၅ ရက် ဆင်ဟွာ သတင်းတစ်ရပ် အရ သိရသည်။
အဆိုပါ ပူးတွဲစစ်ရေး လေ့ကျင့်ခန်း တွင် စစ်လေယာဉ် ၈၆ စင်း ၊ ရဟတ်ယာဉ် ၉ စင်း ၊ တပ်ဖွဲ့ဝင် ၂ဝဝဝ ကျော် ပါဝင် လေ့ကျင့်လျက် ရှိကြောင်းနှင့် ၄င်းစစ်ရေး လေ့ကျင့်ခန်း တွင် ပါဝင်သည့် နိုင်ငံများ၏ လေတပ်များ အကြား ဆက်ဆံရေး ကောင်းမွန်မှု နှင့် ပူးပေါင်း ဆောင်ရွက်မှု ကို တိုးတက်စေ ကြောင်း FAB က ထုတ်ပြန် ကြေညာ ခဲ့သည်။ အဆိုပါ စစ်ရေး လေ့ကျင့်ခန်း ကို နိုဝင်ဘာ ၁၅ ရက်အထိ ပြုလုပ် သွားမည် ဖြစ်ပြီး စစ်သည်များ အတွက် ခေတ်သစ်စစ်ပွဲ နယ်ပယ်အတွင်း အဆင့်မြင့် လေ့ကျင့်မှုများ လုပ်ဆောင်နိုင်ရေး ရည်ရွယ် ပြုလုပ်ခြင်း ဖြစ်ကြောင်းနှင့် ပထမအကြိမ် ပူးတွဲစစ်ရေး လေ့ကျင့်ခန်း ကို ၂ဝဝ၂ ခုနှစ်က ဘရာဇီးနိုင်ငံ တွင်ပင် ပြုလုပ် ခဲ့ကြောင်း သိရှိရသည်။


No comments:
Post a Comment