Social Icons

Pages

Friday, November 15, 2013

စားသုံးမှု နှင့် ထုတ်လုပ်မှု မျှတရေး စိုက်ပျိုးမွေးမြူ ဆောင်ရွက်ပေး


စားသုံးမှု နှင့် ထုတ်လုပ်မှု မျှတရေး စိုက်ပျိုးမွေးမြူ ဆောင်ရွက်ပေး

အယ်ဒီတာ့အာဘော်
( ၁၅-၁၁-၂၀၁၃ )

ကမ္ဘာ့လူဦးရေ နေ့စဉ် တိုးပွား လာလျက် ရှိနေခြင်းကြောင့် စားနပ်ရိက္ခာ ဖူလုံရေးနှင့် စားနပ်ရိက္ခာ လုံခြုံရေး သည် ဖွံ့ဖြိုးဆဲ နိုင်ငံများ အတွက် အဓိက စိန်ခေါ်မှုကြီး တစ်ရပ် ဖြစ်သည်။ နိုင်ငံ အသီးသီး၏ အစိုးရ များသည် စားနပ်ရိက္ခာ လိုအပ်ချက်ကို ဖြည့်ဆည်း နိုင်ရန် ကြိုးပမ်း ဆောင်ရွက် နေကြရသည်။

ကမ္ဘာပေါ်တွင် အသက် ငါးနှစ်အရွယ် ကလေးငယ် လေးဦးတွင် တစ်ဦးသည် ကြီးထွားမှု နှေးကွေးပြီး ကြုံလှီသည့် အခြေအနေ တွင်ရှိသည်။ ဖွံ့ဖြိုးဆဲ နိုင်ငံများမှ ကမ္ဘာ့ လူဦးရေ နှစ်ဘီလီယံ ခန့်သည် ကျန်းမာမှု အတွက် မရှိမဖြစ် လိုအပ်သည့် ဗီတာမင် နှင့် သတ္တုဓာတ် ချို့တဲ့မှု တို့ကို ခံစား နေကြရသည်။ ကမ္ဘာ့ ပြည်သူတိုင်း စားနပ်ရိက္ခာ ရရှိပိုင်ခွင့် ၊ အာဟာရ ပြည့်ဝစွာ စားသောက် နေနိုင်ခွင့်သည် ယနေ့ ကမ္ဘာလုံး ဆိုင်ရာ အဓိက အကြောင်းတရား ဖြစ်သည်နှင့် အညီ မြန်မာနိုင်ငံ အနေဖြင့် စားနပ်ရိက္ခာ နှင့် အာဟာရ ဆိုင်ရာ အမျိုးသား စီမံကိန်း အကောင် အထည်ဖော်ရေး လုပ်ငန်းများ ရေးဆွဲ ချမှတ် ဆောင်ရွက် နေခြင်းသည် မိမိတို့ နိုင်ငံအတွက် သာမက ဒေသတွင်း နှင့် ကမ္ဘာကြီး အတွက် မဖြစ်မနေ ဆောင်ရွက် ရမည့် လုပ်ငန်းဖြစ်သည်။

၂ဝ၁၃ ခုနှစ် စက်တင်ဘာ အတွင်း စားနပ်ရိက္ခာ စိုက်ပျိုးရေး အဖွဲ့ကြီးက ထုတ်ပြန် ခဲ့သော အစီရင်ခံစာ အရ ကမ္ဘာတစ်ဝန်း ထုတ်လုပ်သည့် စားနပ်ရိက္ခာ အားလုံး၏ သုံးပုံတစ်ပုံသည် လေလွင့် အလဟဿ ဖြစ်ခဲ့ရ သဖြင့် ကမ္ဘာ့ စီးပွားရေး ဆုံးရှုံးမှု တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ဘီလီယံ ၇၅ဝ မျှ ရှိခြင်း သည် ရိက္ခာ တန်ချိန်ပေါင်း ၁ ဒသမ ၃ ဘီလီယံ ခန့်နှင့် ညီမျှပြီး တရုတ်နိုင်ငံ အပါအဝင် အာရှ ဒေသတွင် အဆိုးရွားဆုံး ဖြစ်သဖြင့် ကမ္ဘာ လုံးဆိုင်ရာ စားနပ်ရိက္ခာ ဖူလုံမှု ပြဿနာ များကို ကျော်လွှားရန် အဓိက စိန်ခေါ်မှုများ ဖြစ်ကြောင်း သိရသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် နိုဝင်ဘာ ၁၂ ရက်တွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် အေးချမ်းဖြိုး ခန်းမ၌ တောင်ငူတပ်နယ် ၊ ရေတာရှည် တပ်နယ် နှင့် အုတ်တွင်း တပ်နယ် တို့မှ အရာရှိ ၊ စစ်သည် မိသားစု များအား တွေ့ဆုံ အမှာစကား ပြောကြား ခဲ့သည်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် က '' ပြည်သူ၏ အကျိုးစီးပွား အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ် စောင့်ရှောက် ရာတွင် နိုင်ငံတော်၏ သယံဇာတ နှင့် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာကိုပါ ကာကွယ်မည် ဆိုတဲ့ အတွေးအခေါ် အမြင်ရှိရန် လိုအပ်ကြောင်း ၊ တပ်မတော်၏ အဓိက တာဝန်ကြီး သုံးခုတွင် ပြည်သူ့ အကျိုးပြု လုပ်ငန်း ဆောင်ရွက် ပေးရန်မှာ တာဝန်တစ်ခု အဖြစ် ပါဝင်ရာ နိုင်ငံတော် တွင် သဘာဝ ဘေးဒဏ်များ ဖြစ်ပေါ်လာလျှင် တပ်မတော် မှ ကူညီ ဆောင်ရွက် ပေးရန် တာဝန်ရှိကြောင်း ၊ သဘာဝ ဘေးအန္တရာယ် ဖြစ်ပွားသည် နှင့် အမိန့် တစ်စုံတစ်ရာ စောင့်ဆိုင်းခြင်း မပြုဘဲ အလျင်အမြန် သွားရောက် ကူညီ ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း ၊ စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများ ၊ ကုန်ထုတ် လုပ်မှုလုပ်ငန်း များသည် တပ်တွင်း နေအရာရှိ ၊ စစ်သည် မိသားစုဝင် များ၏ စားဝတ်နေရေး ကို တစ်ဖက် တစ်လမ်း မှ အထောက်အကူ ဖြစ်စေရန် ဆောင်ရွက် စေခြင်းဖြစ် သလို စားသုံးမှု နှင့် ထုတ်လုပ်မှု မမျှတ ခြင်းကြောင့် ကုန်ဈေးနှုန်း ကြီးမြင့်မှု မဖြစ်စေရေး အတွက် တစ်ဖက် တစ်လမ်းမှ အထောက်အကူ ပြုရန်ဖြစ်ရာ နားလည်မှု ရှိစွာဖြင့် တတ်စွမ်း သရွေ့ ဆောင်ရွက် ကြစေလိုကြောင်း .. '' ဖြင့် မှာကြား ခဲ့သည်။


သို့ဖြစ်၍ စားသုံးမှု နှင့် ထုတ်လုပ်မှု မျှတရေး အထောက်အကူ ပြုနိုင်ရန် မိသားစုတိုင်း က စိုက်ပျိုး မွေးမြူရေး လုပ်ငန်းကို တတ်စွမ်းသရွေ့ လုပ်ကိုင် ဆောင်ရွက် ကြပါရန် တိုက်တွန်း နှိုးဆော် လိုက်ပါသည်။ ။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...