Social Icons

Pages

Sunday, November 24, 2013

ကမ္ဘာ့ခုခံအား ကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့အကြို အထိမ်းအမှတ် ဝေဒနာရှင်များအား ထောက်ပံ့



တောင်ကြီး ၊ ၂၄-၁၁-၂ဝ၁၃

ရှမ်းပြည်နယ် ၊ တောင်ကြီးမြို့ ၊ သစ်တော ရပ်ကွက် ၊ ဗိုလ်ချုပ် အောင်ဆန်းလမ်း ရှိ ရှမ်းပြည်နယ် အမျိုးသမီး ရေးရာ အဖွဲ့ရုံး ခန်းမတွင် ယနေ့ နံနက် ၉ နာရီက ကမ္ဘာ့ ခုခံအား ကျဆင်းမှု ကူးစက် ရောဂါ တိုက်ဖျက်ရေးနေ့ အကြို အထိမ်းအမှတ် ဝေဒနာရှင် များအား ထောက်ပံ့ ပေးအပ်ခြင်း အခမ်းအနား ကျင်းပ ပြုလုပ် သည်။

အဆိုပါ အခမ်းအနား သို့ ရှမ်းပြည်နယ် အမျိုးသမီး ရေးရာအဖွဲ့ နှင့် ပြည်နယ် မိခင်နှင့် ကလေး စောင့်ရှောက်ရေး ကြီးကြပ်ရေး အဖွဲ့ နာယက ဒေါ်ဖြူဖြူညွန့် နှင့် အဖွဲ့ဝင်များ ၊ ရှမ်းပြည်နယ် ခုခံကျ ၊ ကာလသား ရောဂါ အထူးကု ဆရာဝန်ကြီး ဒေါက်တာ ခင်မောင်ရင် နှင့် ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ ၊ အမျိုးသမီး ရေးရာ အဖွဲ့ဝင်များ ၊ မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းဝင် များနှင့် ဝေဒနာရှင်များ တက်ရောက် ကြသည်။ 

အခမ်းအနား တွင် ရှမ်းပြည်နယ် မိခင်နှင့် ကလေး စောင့်ရှောက်ရေး ကြီးကြပ်ရေး အဖွဲ့ နာယက ဒေါ်ဖြူဖြူညွန့် က အမှာစကား ပြောကြားသည် ။ ဆက်လက်၍ ပြည်နယ် ခုခံကျ ၊ ကာလသား ရောဂါ အထူးကု ဆရာဝန်ကြီး ဒေါက်တာ ခင်မောင်ရင် က ခုခံအား ကျဆင်းမှု နှင့် ကာလသား ရောဂါ အကြောင်းကို ရှင်းလင်း ပြောကြားသည်။ထို့နောက် ပြည်နယ်မိခင် နှင့် ကလေး စောင့်ရှောက်ရေး ကြီးကြပ်ရေး အဖွဲ့ နာယက နှင့် တာဝန်ရှိ သူတို့က ဝေဒနာရှင် များအား အဟာရဖြစ် အစားအစာများ ထောက်ပံ့ ပေးအပ် ခဲ့ကြောင်း သိရှိရသည်။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...