Social Icons

Pages

Thursday, November 14, 2013

တိုင်းမ်မဂ္ဂဇင်း ၏ လွှမ်းမိုးမှု အရှိဆုံး စာရင်းတွင် အိုဘားမား ၏ သမီး မာလီယာ နှင့် မာလာလာ တို့ပါဝင်



နယူးယောက် ၊ ၁၄-၁၁-၂၀၁၃

အမေရိကန် သမ္မတ အိုဘားမား ၏ အကြီးဆုံး သမီး မာလီယာ အိုဘားမား နှင့် ပါကစ္စတန် နိုင်ငံမှ အမျိုးသမီး ပညာရေး ဆိုင်ရာ လှုပ်ရှားသူ မာလာလာ ယူဆက်ဖ်ဇာအီ တို့သည် တိုင်းမ်မဂ္ဂဇင်း က ရွေးချယ် ခဲ့သော ၂၀၁၃ ခုနှစ်၏ လွှမ်းမိုးမှု အရှိဆုံး ဆယ်ကျော်သက် လူငယ် ၁၆ ဦး စာရင်းတွင် ပါဝင် ရွေးချယ်ခြင်း ခံခဲ့ရကြောင်း အင်တာနက် သတင်း တစ်ရပ် အရ သိရသည်။

တိုင်းမ်မဂ္ဂဇင်း က နိုဝင်ဘာ ၁၂ ရက်၌ ထုတ်ပြန် ခဲ့သော အဆိုပါ စာရင်းတွင် လူငယ် အဆိုတော်များ ၊ အားကစား သမားများ ၊ နည်းပညာ ရှင်များ ၊ သိပ္ပံ ပညာရှင်များ ၊ စာရေး ဆရာများ နှင့် မီဒီယာ သမားများ ပါဝင် ခဲ့ကြောင်း သိရသည်။ အသက် ၁၅ နှစ် အရွယ်ရှိ မာလီယာ နှင့် သူမ၏ ညီမဖြစ်သူ ဆာရှာ တို့သည် ၄င်းတို့၏ ဖခင် ဒုတိယ အကြိမ်မြောက် သမ္မတ သက်တမ်း ကျမ်းသစ္စာ ကျိန်ဆိုပွဲ ကဲ့သို့သော ပွဲကြီးများတွင် လူငယ်များ၏ ဟန် အမူအရာ ကို ကြော့ရှင်းစွာ နေထိုင် ခဲ့ခြင်းကြောင့် သူမအား ရွေးချယ်ခြင်း ဖြစ်ကြောင်း နှင့် ၄င်းစာရင်းတွင် အဆိုတော် ဂျက်စတင် ဘီဘာ လည်း ရွေးချယ်ခြင်း ခံရကြောင်း သိရှိရသည်။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...