Social Icons

Pages

Thursday, November 14, 2013

တောင်ကြီး တန်ဆောင်တိုင် ပွဲတော်တွင် နေ့လွှတ်အရုပ်များ ပျော်ရွှင်စည်ကားစွာ လွှတ်တင်



တောင်ကြီး ၊ ၁၄-၁၁-၂ဝ၁၃

တောင်ကြီး တန်ဆောင်တိုင် ပွဲတော်အား နိုဝင်ဘာ ၁ဝ ရက်မှ စတင်၍ ကျင်းပ လျှက်ရှိရာ ယမန်နေ့ ညနေ  ၃ နာရီက (၂၇) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲကြီးကို ကြိုဆို ဂုဏ်ပြုသော အားဖြင့်        တောင်ကြီး မြို့ပေါ်ရပ်ကွက် လူငယ်များက အထိမ်းအမှတ် ဇီးကွက်ရုပ် များကို တောင်ကြီး တန်ဆောင်တိုင်   ကျင်းပရာ အဝေရာ ကုန်းမြင့်သာ မီးပုံးပျံကွင်း ၌ ပျော်ရွှင်စွာ လွှတ်တင် ကြကြောင်း သိရသည်။

အဆိုပါ မီးပုံးပျံ ပွဲတော်၌ နေ့လွတ် အရုပ်များအား မွန်းလွဲ ၁ နာရီ နောက်ပိုင်းတွင် ရပ်ကွက်များမှ  အစုအဖွဲ့ များဖြင့် တစ်ပျော် တစ်ပါး လာရောက် လွှတ်တင် ကြခြင်းဖြစ်ပြီး လွှတ်တင်သော အရုပ်များမှာ ယုန်မိသားစု ၊  ကြက်အုပ်စု ၊ ဆင် ၊ ခြင်္သေ့ ၊ သားပိုက်ကောင် ၊ ဇာမဏီငှက် ၊ ပင်ကွင်း ငှက်ရုပ်များ ဖြစ်သည် ။


နေ့လွှတ် အရုပ်များကို လွှတ်တင် ရာတွင် လူကြီးလူငယ် ပညာပေး လက်ဆင့်ကမ်း အနေဖြင့် လွှတ်တင်  သကဲ့သို့ ပြိုင်ပွဲဝင် လွှတ်တင်ခြင်း နှင့် အပျော်တမ်း အဖြစ် ရပ်ကွက် လူငယ်များ နှင့် ကျောင်းသား ကျောင်းသူများ မှ၎င်းတို့ စုဆောင်း ထားရှိသော ငွေဖြင့် အရုပ်များ ပြုလုပ်၍ အိုးစည် ဗုံမောင်း ပခုံးထမ်း အကများဖြင့် တစ်ပျော်  တစ်ပါး လွှတ်တင် ဆောင်ရွက်လျှက် ရှိကြောင်း သိရှိရသည်။

 

  

  







No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...